ပဲခူးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ေရေဘးသင့္စာသင္တိုက္သို႔လိုအပ္သည္မ်ားကိုလႉဒါန္း

ပဲခူး
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ပဲခူးတိုင္းေဒသႀကီးပါတီဥကၠ႒ဦးရဲျမင့္ထြန္းႏွင့္ တိုင္းပါတီေကာ္မတီဝင္ေဒါက္တာထူးျခားေအာင္ ႏွင့္ခရိုင္ပါတီေကာ္မတီဝင္မ်ား၊ ပဲခူးၿမိဳ႕နယ္ပါတီအတြင္းေရးမႉး၊ၿမိဳ႕နယ္ပါတီေကာ္မတီဝင္မ်ား လိုက္ပါ၍ ေအာက္တိုဘာလ ၈ ရက္ေန႔နံနက္ပိုင္းက ပဲခူးၿမိဳ႕ရွိ ေရႀကီးနစ္ျမႇပ္ေနမႈမ်ားအား အေသးစိတ္ကြင္း စစ္ေဆး၍ ေကာ္မတီဖြဲ႕စည္း၍ ေရေဘးသင့္ျပည္သူအမ်ားအား ကူညီကယ္ဆယ္ေထာက္ပံ့နိုင္ေရး ေဆာင္ရြက္ခဲ့သည္။
မြန္းလႊဲပိုင္းတြင္ ပဲခူးတိုင္းေဒသႀကီးပါတီဥကၠ႒ဦးေဆာင္ေသာအဖြဲ႕သည္ ပဲခူးၿမိဳ႕ရွိ “ခ်မ္းေျမ့ေဇယ်ာဘုန္းေတာ္ႀကီးေက်ာင္း”တြင္ ဝါဆို/ ဝါကပ္ စာသင္ စာခ် သီတင္းသုံးေတာ္မူေသာ စာသင္သားသံဃာေတာ္ (၅၀၀)ပါးအတြက္ဆြမ္းကိစၥအခက္အခဲမရွိေစရန္ ဆန္(၅)အိတ္ႏွင့္ ေရသန္႔ကဒ္(၅၀)အားသြားေရာက္လႉဒါန္းခဲ့သည္။ ပဲခူးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒၏ လုပ္ငန္းဦးေဆာင္ကြပ္ကဲကြင္းဆင္းမႈႏွင့္အတူ ပါတီတာဝန္ရွိသူမ်ား၏ပူးေပါင္းေဆာင္ရႊက္မူေၾကာင့္ ေရေဘးသင့္ျပည္သူအမ်ားအား အခ်ိန္ႏွင့္တစ္ေျပးညီကူညီကယ္ဆယ္နိုင္ေရးအတြက္ စုစည္းစီမံေဆာင္ရႊက္လၽွက္ရွိသည္။
ပဲခူးျမစ္ေရသည္ ေအာက္တိုဘာလ(၇)ရက္ေန႔ညမွစ၍ မိုးသည္းထန္စြာအဆက္မျပတ္ရြာသြန္းမႈေၾကာင့္ ပဲခူးၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္ႏွင့္ေက်းရြာအုပ္စုမ်ားတြင္ ယာယီေရးေဘးကယ္ဆယ္ေရးစခန္းမ်ားဖြင့္လွစ္ထားရၿပီး လူဦးေရ(၈၀၀၀) ခန္႔ေရေဘးသင့္ေနေၾကာင္းသိရၿပီး ပဲခူးၿမိဳ႕၏စိုးရိမ္ေရအမွတ္မွာ(၈၈၀)စင္တီမီတာျဖစ္ၿပီး ယခုအခါ စိုးရိမ္ေရအမွတ္၏အထက္သို႔ေက်ာ္လြန္ေနေၾကာင္းသတင္းမ်ားအရသိရသည္။

===================

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရေဘေးသင့်စာသင်တိုက်သို့လိုအပ်သည်များကိုလှူဒါန်း

ပဲခူး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်ဒေါက်တာထူးခြားအောင် နှင့်ခရိုင်ပါတီကော်မတီဝင်များ၊ ပဲခူးမြို့နယ်ပါတီအတွင်းရေးမှူး၊မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ အောက်တိုဘာလ ၈ ရက်နေ့နံနက်ပိုင်းက ပဲခူးမြို့ရှိ ရေကြီးနစ်မြှပ်နေမှုများအား အသေးစိတ်ကွင်း စစ်ဆေး၍ ကော်မတီဖွဲ့စည်း၍ ရေဘေးသင့်ပြည်သူအများအား ကူညီကယ်ဆယ်ထောက်ပံ့နိုင်ရေး ဆောင်ရွက်ခဲ့သည်။
မွန်းလွှဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဆောင်သောအဖွဲ့သည် ပဲခူးမြို့ရှိ “ချမ်းမြေ့ဇေယျာဘုန်းတော်ကြီးကျောင်း”တွင် ဝါဆို/ ဝါကပ် စာသင် စာချ သီတင်းသုံးတော်မူသော စာသင်သားသံဃာတော် (၅၀၀)ပါးအတွက်ဆွမ်းကိစ္စအခက်အခဲမရှိစေရန် ဆန်(၅)အိတ်နှင့် ရေသန့်ကဒ်(၅၀)အားသွားရောက်လှူဒါန်းခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၏ လုပ်ငန်းဦးဆောင်ကွပ်ကဲကွင်းဆင်းမှုနှင့်အတူ ပါတီတာဝန်ရှိသူများ၏ပူးပေါင်းဆောင်ရွှက်မူကြောင့် ရေဘေးသင့်ပြည်သူအများအား အချိန်နှင့်တစ်ပြေးညီကူညီကယ်ဆယ်နိုင်ရေးအတွက် စုစည်းစီမံဆောင်ရွှက်လျှက်ရှိသည်။
ပဲခူးမြစ်ရေသည် အောက်တိုဘာလ(၇)ရက်နေ့ညမှစ၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ယာယီရေးဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရပြီး လူဦးရေ(၈၀၀၀) ခန့်ရေဘေးသင့်နေကြောင်းသိရပြီး ပဲခူးမြို့၏စိုးရိမ်ရေအမှတ်မှာ(၈၈၀)စင်တီမီတာဖြစ်ပြီး ယခုအခါ စိုးရိမ်ရေအမှတ်၏အထက်သို့ကျော်လွန်နေကြောင်းသတင်းများအရသိရသည်။