
ရှမ်း ( တောင် ) ဩဂုတ် ၁၇

===================================

Application New Version သွင်းရန်အတွက် ပြန်လည်လမ်းညွန် ညှိနှိင်းပေါင်းစပ်ခြင်းနှင့် ပါတီဝင်အင်အားစာရင်း မှတ်တမ်းထားရှိရန်ကိစ္စရပ်များ လမ်းညွန်မှာကြားမှုဆောင်ရွက်

ရှမ်း ( တောင် )   ဩဂုတ်   ၁၇

( ၁၇.၈. ၂၀၂၃ ) ရက်နေ့ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် ရှမ်းပြည်နယ် ( တောင်ပိုင်း ) ပြည်နယ် ပါတီရုံးအစည်းအဝေးခန်းမ၌ စိစစ်ပြီး ပါတီဝင်အင်အားအလိုက် ဗဟိုမှ ပံ့ပိုးပေးသော စိစစ်ပြီးပါတီဝင် တစ်ဦးလျှင် ( ၅၀၀ ) ကျပ်နှုန်းဖြင့် ထုတ်ပေးထားသည့် ထောက်ပံ့ငွေများကို မြိုနယ်တာဝန်ရှိသူများထံသို့ ပေးအပ်ခြင်းနှင့်  Application New Version  သွင်းရန်အတွက် ပြန်လည်လမ်းညွန်ညှိနှိင်းပေါင်းစပ်ခြင်းနှင့် ပါတီဝင်အင်အားစာရင်း မှတ်တမ်းထားရှိရန်ကိစ္စရပ်များ လမ်းညွန်မှာကြားခြင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။  အစည်းအဝေးတွင် ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းလုံကျော် မှ ပါတီ၏ အရေးကြီးသောကိစ္စရပ်များကို အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ပါတီအဆင့်ဆင့် လမ်းညွန်ချက်များကို အချိန်မှီ ပေါင်းစပ်ဆောင်ရွက်သွားနိုင်ရေး လမ်းညွန်မှာကြားခဲ့ပါသည်။ ပြည်နယ်စည်းရုံးရေးရာတာဝန်ခံ ဒေါ်ခင်ထွေးအောင် မှ အစည်းအဝေးခေါ်ယူရခြင်း ရည်ရွယ်ချက်များဖြစ်သည့် ပါတီဝင်အင်အားအလိုက် ငွေထုတ်ပေးရခြင်း ၊ Application New Version သွင်းရန်ကိစ္စ ၊ ပါတီဝင်အင်အား မှတ်တမ်းထားရှိရေး  စသည့် ကိစ္စရပ်များကို အကျယ်တဝင့် ဆွေးနွေးမှာကြားခဲ့ပါသည်။   တက်ရောက်လာသည့်မြိုနယ်ကော်မတီဝင်များက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးသို ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းလုံကျော် ၊ ပြည်နယ်ပါတီ ‌ခေတ္တအတွင်းရေးမှူး ဦးစိန်လေးမောင် ၊ ပြည်နယ်ပါတီ စည်းရုံးရေးရာတာဝန်ခံ ဒေါ်ခင်ထွေးအောင် နှင့် မြိုနယ် ( ၁၉ ) မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည် ( ၂:၀၀ ) နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။