ပင္လယ္နက္အတြင္းရွိ ကုန္တင္သေဘၤာတစ္စင္း ကို ႐ုရွားေရတပ္က သတိေပး ပစ္ခတ္မႈ မ်ားျပဳလုပ္ခဲ့

ၾသဂုတ္ ၁၄
႐ုရွားေရတပ္ စစ္သေဘၤာတစ္စင္းသည္ ပင္လယ္နက္ ပင္လယ္ျပင္၏ အေနာက္ေတာင္ဘက္မွ ကုန္တင္သေဘၤာကို ေျမာက္ဘက္သို႔ ေရြ႕လ်ားလာ ေမာင္းႏွင္းလာေသာ ကုန္တင္သေဘၤာ တစ္စင္းကို သတိေပးပစ္ခတ္မႈမ်ားျပဳလုပ္ ခဲ့ေၾကာင္း သိရတယ္။
အဆိုပါ ပစ္ခတ္မႈမ်ားကို ၿပီးခဲ့သည့္ ၾသဂုတ္လ ၁၃ရက္ တနဂၤေႏြေန႔က သတိေပးပစ္ ခတ္မႈမ်ားျပဳလုပ္ခဲ့တာျဖစ္ၿပီး႐ုရွားနိုင္ငံ မၾကားေသးမွီအခ်ိန္က ကုလ အက်ိဳးေဆာင္ ေပးသည့္ စပါး(ဂ်ဳံ) သေဘာတူညီခ်က္မ်ားမွ ႏုတ္ထြက္မႈမ်ားျပဳလုပ္ခဲ့ၿပီးေနာက္ပိုင္း ယူကရိန္းနိုင္ငံ ဘက္သို႔သြားေရာက္ေနသည့္ ကုန္သေဘၤာကို ပထမဆုံးအႀကိမ္ ပစ္ခတ္သတိေပးမႈမ်ားျပဳလုပ္ခဲ့ျခင္းလည္း ျဖစ္ပါတယ္။
ၿပီးခဲ့သည့္ ဇူလိုင္လတြင္၊ ႐ုရွာနိုင္ငံက ပင္လယ္နက္ မွတစ္ဆင့္ ယူကရိန္း နိုင္ငံ လယ္ယာထြက္ကုန္မ်ားကို တင္ပို႔ခြင့္ျပဳသည့္ စပါး(ဂ်ဳံ) သေဘာတူညီခ်က္တြင္ ပါဝင္ျခင္းကို ရပ္ဆိုင္းခဲ့ၿပီး ယူကရိန္းနိုင္ငံပိုင္ ေရပိုင္နက္ကို ဦးတည္သြားေနတဲ့ သေဘၤာအားလုံးသည္ ယူကရိန္း နိုင္ငံအတြက္ လက္နက္ေတြ သယ္ေဆာင္လာနိုင္တယ္လို႔လည္း ေမာ္စကို(႐ုရွား) က ထုတ္ျပန္ေၾကညာထားပါတယ္။
႐ုရွားနိုင္ငံ၏ Vasily Bykov အမည္ရွိ ကင္းလွည့္သေဘၤာအမ်ိဳးအစား သည္ Palau အလံတပ္ထားေသာ Sukru Okan ကုန္င္သေဘၤာကို စစ္ေဆးမႈမ်ားျပဳလုပ္နိုင္ရန္ အတြက္ ရပ္တန႔္ရန္ ေတာင္းဆိုခ်က္ကို တုံ႔ျပန္ရန္ ပ်က္ကြက္ၿပီးေနာက္ အလို အေလ်ာက္ လက္နက္မ်ားျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ၿပီးခဲ့သည့္ တနဂၤေႏြေန႔တြင္ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

=====================================

ပင်လယ်နက်အတွင်းရှိ ကုန်တင်သင်္ဘောတစ်စင်း ကို ရုရှားရေတပ်က သတိပေး ပစ်ခတ်မှု များပြုလုပ်ခဲ့

 

သြဂုတ် ၁၄

ရုရှားရေတပ် စစ်သင်္ဘောတစ်စင်းသည် ပင်လယ်နက် ပင်လယ်ပြင်၏ အနောက်တောင်ဘက်မှ ကုန်တင်သင်္ဘောကို မြောက်ဘက်သို့ ရွေ့လျားလာ မောင်းနှင်းလာသော ကုန်တင်သင်္ဘော တစ်စင်းကို သတိပေးပစ်ခတ်မှုများပြုလုပ် ခဲ့ကြောင်း သိရတယ်။

အဆိုပါ ပစ်ခတ်မှုများကို ပြီးခဲ့သည့် သြဂုတ်လ ၁၃ရက် တနင်္ဂနွေနေ့က သတိပေးပစ် ခတ်မှုများပြုလုပ်ခဲ့တာဖြစ်ပြီးရုရှားနိုင်ငံ မကြားသေးမှီအချိန်က ကုလ အကျိုးဆောင် ပေးသည့် စပါး(ဂျုံ) သဘောတူညီချက်များမှ နုတ်ထွက်မှုများပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံ ဘက်သို့သွားရောက်နေသည့် ကုန်သင်္ဘောကို ပထမဆုံးအကြိမ် ပစ်ခတ်သတိပေးမှုများပြုလုပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇူလိုင်လတွင်၊ ရုရှာနိုင်ငံက ပင်လယ်နက် မှတစ်ဆင့် ယူကရိန်း နိုင်ငံ လယ်ယာထွက်ကုန်များကို တင်ပို့ခွင့်ပြုသည့် စပါး(ဂျုံ) သဘောတူညီချက်တွင် ပါဝင်ခြင်းကို ရပ်ဆိုင်းခဲ့ပြီး ယူကရိန်းနိုင်ငံပိုင် ရေပိုင်နက်ကို ဦးတည်သွားနေတဲ့ သင်္ဘောအားလုံးသည် ယူကရိန်း နိုင်ငံအတွက် လက်နက်တွေ သယ်ဆောင်လာနိုင်တယ်လို့လည်း မော်စကို(ရုရှား) က ထုတ်ပြန်ကြေညာ​ထားပါတယ်။

ရုရှားနိုင်ငံ၏ Vasily Bykov အမည်ရှိ ကင်းလှည့်သင်္ဘောအမျိုးအစား သည် Palau အလံတပ်ထားသော Sukru Okan ကုန်င်သင်္ဘောကို စစ်ဆေးမှုများပြုလုပ်နိုင်ရန် အတွက် ရပ်တန့်ရန် တောင်းဆိုချက်ကို တုံ့ပြန်ရန် ပျက်ကွက်ပြီးနောက် အလို အလျောက် လက်နက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။