ျမ၀တီ – ေကာ့ကရိတ္ အာရွကားလမ္းမႀကီး၊ ေတာေနာ္ေရတံခြန္အနီး မိုင္တိုင္အမွတ္(၁၄၉) ႏွင့္(၁၅၀)အၾကားရွိ ကတၱရာခင္းကားလမ္းပဲ့က်ပ်က္စီးမႈတြင္ ေမာ္ေတာ္ယာဥ္မ်ား ယာယီသြားလာနိုင္ရန္ ေဘလီတံတားကို တစ္လအတြင္း အၿပီးေဆာင္ရြက္သြားမည္

ဩဂုတ္ ၁၀

ကရင္ျပည္နယ္အတြင္း မိုးအဆက္မျပတ္ရြာသြန္းမႈေၾကာင့္ ျမစ္ေရ၊ေခ်ာင္းေရလၽွံျခင္း၊ ေျမၿပိဳက်ျခင္းမ်ား ျဖစ္ေပၚလ်က္ရွိျခင္းေၾကာင့္ ဩ ဂုတ္လ ၇ ရက္ေန႔က ျမ၀တီ – ေကာ့ကရိတ္ အာရွကားလမ္းမႀကီး၊ ေတာေနာ္ေရတံခြန္အနီး မိုင္တိုင္အမွတ္(၁၄၉)ႏွင့္(၁၅၀)အၾကားေနရာတြင္ ကားလမ္းေအာက္ခံေျမသား အက်ယ္ ၃၃ ေပရွိ ကတၱရာခင္းကားလမ္းအရွည္ ၁၅ဝ ေပခန႔္ ပဲ့က်ပ်က္စီးခဲ့ရာ ယာဥ္သြားလာမႈယာယီရပ္ဆိုင္းထားရၿပီး အဆိုပါ လမ္းပိုင္းအျမန္ဆုံးျပန္လည္ျပဳျပင္နိုင္ေရး ကရင္ျပည္နယ္လုံျခဳံ ေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးမ်ိဳးမင္းေနာင္ ဦးေဆာင္ၿပီး လမ္းဦးစီးဌာနညႊန္ၾကားေရးမႉးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ားက လိုအပ္သည့္ ျပင္ဆင္မႈမ်ား ျပဳလုပ္နိုင္ရန္ ယမန္ေန႔က ကြင္းဆင္းၾကည့္ရႈခဲ့ေၾကာင္း သိရပါသည္။

အဆိုပါ အာရွလမ္းမႀကီးေျမၿပိဳမႈႏွင့္ ပတ္ သက္ၿပီး ေမာ္ေတာ္ယာဥ္မ်ား ယာယီသြားလာနိုင္ရန္ ေဘလီတံတားထိုးသည့္အခါမွာ လမ္းပမ္းဆက္သြယ္ေရးျပတ္ေတာက္ မႈမျဖစ္ေပၚေစေရးအတြက္ လမ္းျပတ္က်တဲ့ေနရာ၏ တစ္ဖက္တစ္ ခ်က္စီတြင္ ၃၀၀ ေပ ခ်ဥ္းကပ္လမ္းသစ္ကို ေတာင္ျဖတ္ေဖာက္လုပ္ေဆာင္ရြက္ရမည္ျဖစ္ ေၾကာင္း၊ ေရွာင္ကြင္းလမ္းအေနႏွင့္ စုစုေပါင္းအရွည္ ၈၀၀ ေပခန႔္ ေဖာက္လုပ္ရမွာ ျဖစ္ေၾကာင္း၊ဝန္ပါကားမ်ားပါ ျဖတ္သန္းနိုင္ေရးအတြက္ လမ္းေျမသားေပၚ၌ ေဘလီတံတား အရွည္ ၂၀၀ ေပခန႔္ ထိုးေပးရမွာျဖစ္ေၾကာင္း၊ တစ္လအတြင္း အၿပီးေဆာင္ရြက္သြားမွာျဖစ္ၿပီး ဩဂုတ္ ၁၀ ရက္ေန႔ကစၿပီး လုပ္ငန္းစတင္ ေဆာင္ရြက္မွာျဖစ္ရာ ကုန္တင္ယာဥ္ႀကီးမ်ား ျဖတ္သန္းသြားလို႔မရေသးဘဲ လူစီးယာဥ္မ်ားႏွင့္ အခ်ိဳ႕ပစၥည္းသယ္ယာဥ္ငယ္ေလးမ်ားကို ယခင္ကအသုံးျပဳခဲ့တဲ့ ျမဝတီ-ေကာ့ကရိတ္ လမ္းေဟာင္းျဖစ္သည့္ ထို႔ေကာ္ကိုးလမ္းပိုင္းကေန ေန႔စဥ္သြားလို႔ရေအာင္ စီစဥ္ေဆာင္ရြက္ေပးထားပါေၾကာင္း စသည္ျဖင့္ လမ္းျပန္လည္ျပဳျပင္မည့္အေျခအေနမ်ားႏွင့္ပတ္ သက္၍ ကရင္ျပည္နယ္ လမ္းဦးစီးဌာနမွ တာဝန္ရွိသူက ရွင္းလင္းေျပာၾကားခဲ့သည္။

”ပင္မလမ္းမႀကီးပ်က္စီးမႈကို ပြင့္လင္းရာသီအခ်ိန္မွာတံတားဦးစီးဌာနမွ ျဖစ္ေပၚလာနိုင္တဲ့ ေရအားပမာဏကို တြက္ခ်က္ၿပီး ေရထြက္ႁပြန္ (Culvert) သို႔မဟုတ္ တံတား(Bridge) တည္ ေဆာက္သြားမွာျဖစ္ပါတယ္၊ အခုလိုအပ္တဲ့ ပစၥည္းမ်ားနဲ႔ စက္ယႏၲရားမ်ား ေရႊ႕ေျပာင္းသယ္ ယူပို႔ေဆာင္ေနပါၿပီ ” ဟု ကရင္ျပည္နယ္လမ္းဦးစီးဌာန ညႊန္ၾကားေရးမႉး ဦးေအာင္ညိဳ က PAN ကို ရွင္းလင္း ေျပာျပခဲ့သည္။

ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းမႀကီးသည္ ထိုင္း – ျမန္မာ ကုန္စည္စီးဆင္းရာ အဓိကလမ္း ေၾကာင္းထဲတြင္ ပါဝင္ေနၿပီး ကုန္တင္ယာဥ္မ်ား ေန႔စဥ္ ျဖတ္သန္းသြားလာေနသည့္ လမ္းျဖစ္သည့္အျပင္ ျမဝတီၿမိဳ႕ႏွင့္ ရန္ကုန္ၿမိဳ႕သို႔ ေျပးဆြဲေနသည့္ ခရီးသည္တင္ယာဥ္မ်ား၊ အိမ္စီးယာဥ္မ်ား ေန႔စဥ္ ျဖတ္သန္းသြားလာေနသည့္ လမ္းေၾကာင္း တစ္ခုျဖစ္ေၾကာင္း၊ ျမန္မာနိုင္ငံအေနျဖင့္ ထိုင္း နိုင္ငံမွ စားေသာက္ကုန္၊ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္း၊ ေဆးႏွင့္ေဆးပစၥည္း၊ သစ္သီးႏွင့္ အျခားပစၥည္းမ်ား တင္သြင္းေနေသာ လမ္းပိုင္းျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါ လမ္းပိုင္းကို အျမန္ဆုံးျပန္လည္ျပဳျပင္နိုင္ေရး ကရင္ျပည္နယ္လုံျခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးႏွင့္အဖြဲ႕ သြားေရာက္စစ္ေဆးၾကည္ရႈ႔စဥ္ KTLA ႏွင့္ PDF အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက အေဝးမွ လက္နက္ငယ္ျဖင့္ အခ်က္ ၄၀ ခန္႔ ေႏွာက္ယွက္ပစ္ ခတ္ခဲ့ေၾကာင္း၊ လူ/ပစၥည္း ထိခိုက္ပ်က္စီးမႈ မရွိေၾကာင္း သတင္းရရွိပါသည္။

===============================

မြ၀တီ – ကော့ကရိတ် အာရှကားလမ်းမကြီး၊ တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ်(၁၄၉) နှင့်(၁၅၀)အကြားရှိ ကတ္တရာခင်းကားလမ်းပဲ့ကျပျက်စီးမှုတွင် မော်တော်ယာဥ်များ ယာယီသွားလာနိုင်ရန် ဘေလီတံတားကို တစ်လအတွင်း အပြီးဆောင်ရွက်သွားမည်

ဩဂုတ် ၁၀

ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေ၊ချောင်းရေလျှံခြင်း၊ မြေပြိုကျခြင်းများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ဩ ဂုတ်လ ၇ ရက်နေ့က မြ၀တီ – ကော့ကရိတ် အာရှကားလမ်းမကြီး၊ တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ်(၁၄၉)နှင့်(၁၅၀)အကြားနေရာတွင် ကားလမ်းအောက်ခံမြေသား အကျယ် ၃၃ ပေရှိ ကတ္တရာခင်းကားလမ်းအရှည် ၁၅ဝ ပေခန့် ပဲ့ကျပျက်စီးခဲ့ရာ ယာဉ်သွားလာမှုယာယီရပ်ဆိုင်းထားရပြီး အဆိုပါ လမ်းပိုင်းအမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ကရင်ပြည်နယ်လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင် ဦးဆောင်ပြီး လမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရပါသည်။

အဆိုပါ အာရှလမ်းမကြီးမြေပြိုမှုနှင့် ပတ် သက်ပြီး မော်တော်ယာဥ်များ ယာယီသွားလာနိုင်ရန် ဘေလီတံတားထိုးသည့်အခါမှာ လမ်းပမ်းဆက်သွယ်ရေးပြတ်တောက် မှုမဖြစ်ပေါ်စေရေးအတွက် လမ်းပြတ်ကျတဲ့နေရာ၏ တစ်ဖက်တစ် ချက်စီတွင် ၃၀၀ ပေ ချဉ်းကပ်လမ်းသစ်ကို တောင်ဖြတ်ဖောက်လုပ်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ရှောင်ကွင်းလမ်းအနေနှင့် စုစုပေါင်းအရှည် ၈၀၀ ပေခန့် ဖောက်လုပ်ရမှာ ဖြစ်ကြောင်း၊ဝန်ပါကားများပါ ဖြတ်သန်းနိုင်ရေးအတွက် လမ်းမြေသားပေါ်၌ ဘေလီတံတား အရှည် ၂၀၀ ပေခန့် ထိုးပေးရမှာဖြစ်ကြောင်း၊ တစ်လအတွင်း အပြီးဆောင်ရွက်သွားမှာဖြစ်ပြီး ဩဂုတ် ၁၀ ရက်နေ့ကစပြီး လုပ်ငန်းစတင် ဆောင်ရွက်မှာဖြစ်ရာ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလို့မရသေးဘဲ လူစီးယာဉ်များနှင့် အချို့ပစ္စည်းသယ်ယာဉ်ငယ်လေးများကို ယခင်ကအသုံးပြုခဲ့တဲ့ မြဝတီ-ကော့ကရိတ် လမ်းဟောင်းဖြစ်သည့် ထို့ကော်ကိုးလမ်းပိုင်းကနေ နေ့စဉ်သွားလို့ရအောင် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း စသည်ဖြင့် လမ်းပြန်လည်ပြုပြင်မည့်အခြေအနေများနှင့်ပတ် သက်၍ ကရင်ပြည်နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူက ရှင်းလင်းပြောကြားခဲ့သည်။

”ပင်မလမ်းမကြီးပျက်စီးမှုကို ပွင့်လင်းရာသီအချိန်မှာတံတားဦးစီးဌာနမှ ဖြစ်ပေါ်လာနိုင်တဲ့ ရေအားပမာဏကို တွက်ချက်ပြီး ရေထွက်ပြွန် (Culvert) သို့မဟုတ် တံတား(Bridge) တည် ဆောက်သွားမှာဖြစ်ပါတယ်၊ အခုလိုအပ်တဲ့ ပစ္စည်းများနဲ့ စက်ယန္တရားများ ရွှေ့ပြောင်းသယ် ယူပို့ဆောင်နေပါပြီ ” ဟု ကရင်ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညို က PAN ကို ရှင်းလင်း ပြောပြခဲ့သည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးသည် ထိုင်း – မြန်မာ ကုန်စည်စီးဆင်းရာ အဓိကလမ်း ကြောင်းထဲတွင် ပါဝင်နေပြီး ကုန်တင်ယာဉ်များ နေ့စဉ် ဖြတ်သန်းသွားလာနေသည့် လမ်းဖြစ်သည့်အပြင် မြဝတီမြို့နှင့် ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ၊ အိမ်စီးယာဉ်များ နေ့စဉ် ဖြတ်သန်းသွားလာနေသည့် လမ်းကြောင်း တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ထိုင်း နိုင်ငံမှ စားသောက်ကုန်၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်း၊ သစ်သီးနှင့် အခြားပစ္စည်းများ တင်သွင်းနေသော လမ်းပိုင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လမ်းပိုင်းကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့ သွားရောက်စစ်ဆေးကြည်ရှု့စဥ် KTLA နှင့် PDF အကြမ်းဖက်သောင်းကျန်းသူများက အဝေးမှ လက်နက်ငယ်ဖြင့် အချက် ၄၀ ခန့် နှောက်ယှက်ပစ် ခတ်ခဲ့ကြောင်း၊ လူ/ပစ္စည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သတင်းရရှိပါသည်။