Net Neutrality ကို အင်တာနက်အသုံးပြုသူများ နားလည်မှုနည်းပါးနေသည် ဟုဆို

13173703_1306567106025481_1387725139638316699_n

Net Neutrality ပတ်သက်၍ အင်တာနက် အသုံးပြုသူများအကြား နားလည်မှု နည်းပါးနေကြပြီး Zero Rating အဖြစ် အခကြေးငွေ ပေးစရာမလိုအပ်သော ဝက်ဘ်ဆိုက်များမှာလည်း စွန့်ဦးတီထွင်လိုသူများ အတွက် ဈေးကွက်ဝင်ရောက် ရန် အခက်အခဲ ဖြစ်ပွားစေသည်ဟု MIDO မှ မရတနာက ပြောသည်။ “ဥပမာ Facebook ကို အလကားသုံးလို့ရမယ်။ မြန်မာနိုင်ငံက Developer တစ်ယောက်က Facebook လို ဟာမျိုးတစ်ခု ထွင်မယ်။ ပိုကောင်းမယ်။ ဒါပေမဲ့ အလကားမရတဲ့ အတွက် လူတွေက အလကားရတာကိုပဲ သုံးကြမယ်။ ဒီဘက်က တီထွင်ရေးသားသူက ဆုံးရှုံးမှုတွေ ဖြစ်သွားရော။ ဈေးကွက်ထဲဝင်တိုးလို့ မရတော့ ဘူး” ဟု မရတနာက ဆိုသည်။

လက်ရှိအချိန်၌ ဆက်သွယ်ရေး အော်ပရေတာများသည် ၎င်းတို့၏ ဆင်းမ်ကတ်များနှင့်အတူ Wikipedia နှင့် Facebook တို့ကို အတိုင်းအတာတစ်ခုအထိ အခမဲ့ ပေး၍ အသုံးပြုခြင်းများ ပြုလုပ်လာခဲ့ကြသည့်အတွက် လူအများစုသည် အင်တာနက်စနစ်ကို ပိုမိုအသုံးပြုလာနိုင်သည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းလာခဲ့ သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် Net Neutrality အရ ဝက်ဘ်ဆိုက်များအချင်းချင်း အဆင့်အတန်း ခွဲခြား၍ အခြားသော ဝက်ဘ်ဆိုက်များကို ပိတ်ပင်လာသည့် သဘော ရှိကြောင်း အမြင်မတူညီသူတချို့ က သုံးသပ်လာကြသည်။

 “ကောင်းတာက အင်တာနက် လုံးဝမရတဲ့နေရာတွေမှာလည်း အင်တာနက်ကို လူတွေသုံးလာနိုင်လိမ့်မယ်။ မကောင်း တာက သတ်မှတ်ထားတဲ့ ဝက်ဘ်ဆိုက်တွေ ကိုပဲ အခမဲ့ပေးသုံးတာ ဆိုတော့ အသုံးပြုသူတွေအတွက် ဘယ်ဝက်ဘ်ဆိုက်က အရေးကြီးတယ်၊ အရေးမကြီးဘူး၊ ဘယ်ဟာက တော့ ဘာမို့လို့ အလကားပေးတယ် ဆိုပြီး ခွဲခြားပေးလိုက်သလို ဖြစ်နေတယ်” ဟု မရတနာက ပြောသည်။ Zero Rating သည် Net Neutrality အရ ခွဲခြားဆက်ဆံမှုများနှင့်အတူ လိုလားသည့် ဝက်ဘ်ဆိုက် များကို ပိုမိုကြီးထွားလာစေရန် အားပေးသည့်အပြင် အခြားသော စွန့်ဦးတီထွင် လုပ်ကိုင်လိုသူများအတွက်လည်း အဟန့်အတားတစ်ခု ဖြစ်စေခဲ့သည်။ သို့သော် Zero Rating သည် အများပြည်သူ အင်တာနက်စနစ် ပိုမိုအသုံးပြုလာစေခြင်းနှင့်အတူ ကောင်းကျိုးများစွာကိုလည်း ဖြစ်ထွန်းစေနိုင်ခဲ့ခြင်း ဖြစ်သည်။


Leave a Reply