တ႐ုတ္နိုင္ငံ၏ ဒစ္ဂ်စ္တယ္ဆိုင္ရာ ယြမ္ေငြ ေပးေခ်မႈစနစ္မ်ား ပိုမိုအားေကာင္းလာေနေသာေၾကာင့္ ကာလၾကာရွည္စြာ ကမၻာကို လႊမ္းမိုးထားေသာ ကန္ေဒၚလာ ေငြေပး ေခ်မႈစနစ္မ်ားကို မ်က္ခုံးလႈပ္ေစခဲ့


ၾသဂုတ္ ၁၀
တ႐ုတ္နိုင္ငံ၏ ဒစ္ဂ်စ္တယ္ဆိုင္ရာ ယြမ္ေငြမ်ား ႏွင့္ တ႐ုတ္နိုင္ငံ ဗဟိုဘဏ္ ၏ အျခားေသာ ဒစ္ဂ်စ္တယ္ေငြေၾကးမ်ားကို ခ်ဲ႕ထြင္နိုင္ရန္ ပလပ္ေဖာင္းအသစ္သည္ လက္ေတြ႕လုပ္ငန္းမ်ား ႏွင့္ ပိုမိုနီးစပ္လာကာ အေမရိကန္ ေဒၚလာျဖင့္ ကာလၾကာရွည္စြာ လႊမ္းမိုးထားသည့္ ေငြေၾကး စနစ္ကို မ်က္ခုံးလႈပ္ေစခဲ့ တာလည္းျဖစ္ပါတယ္။
အေမရိကန္နိုင္ငံ ဘဏ္မ်ားကို အမွီမျပဳဘဲ ကမၻာအႏွံ့ ေငြပို႔ေငြလႊဲျခင္းမ်ားအတြက္ ေဘဂ်င္း(တ႐ုတ္) မွ ေက်ာေထာက္ ေနာက္ခံ ျပဳထားေသာ ဒစ္ဂ်စ္တယ္ စနစ္ ေငြေၾကး ပုံစံသည္ လ်င္ျမန္စြာ တိုးတက္ေနသျဖင့္ ဥေရာပနိုင္ငံမ်ား ႏွင့္ အေမရိကန္ နိုင္ငံ ေငြေၾကးဆိုင္ရာ ေလ့လာသူအခ်ိဳ႕က ယခုအခါ ၎အား ကမၻာ့ဘ႑ာေရးတြင္ ေဒၚလာေငြစုထားေသာ ေငြေပးေခ်မႈမ်ားအတြက္ စိန္ေခၚမႈတစ္ရပ္အျဖစ္ ရႈျမင္ေၾကာင္း ေျပာၾကားလာၾကၿပီလည္းျဖစ္ပါတယ္။
တ႐ုတ္နိုင္ငံ၊ ထိုင္းနိုင္ငံ၊ ေဟာင္ေကာင္နိုင္ငံတို႔ ႏွင့္ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုနိုင္ငံ တို႔မွ တီထြင္ထုတ္လုပ္ေနသည့္ mBridge အမည္ရွိ ေငြေၾကးဆိုင္ရာ ပေရာဂ်က္သည္ ယခု ႏွစ္ကုန္ပိုင္းတြင္ အေျခခံလုပ္ငန္းသုံး ထုတ္ကုန္တစ္ခု ေငြေၾကးသုံးစြဲမႈကို အဆင္သင့္ျဖစ္နိုင္ဖြယ္ရွိေၾကာင္း အဆိုပါ လုပ္ငန္းႏွင့္ ရင္းႏွီးသူ ၄ဦးက ေျပာၾကား ထားပါတယ္။
mBridge ေငြေၾကးဆိုင္ရာ ပေရာဂ်က္သည္ ဆြစ္ဇာလန္နိုင္ငံအေျခစိုက္ Bank for International Settlement (BIS) ကမၻာလုံး ဆိုင္ရာ ဗဟိုဘဏ္ပူးေပါင္းေဆာင္ ရြက္မႈ၏ဗဟိုခ်က္လည္းျဖစ္ၿပီး ေငြေၾကး ဆိုင္ရာကိစၥရပ္ မ်ားက အလြန္ႀကီးမားပါတယ္။
BIS ႏွင့္ United Nations တို႔မွ အခ်က္အလက္မ်ားအရ ႏွစ္စဥ္ေဒၚလာ ၆.၆ ထရီလီယံတန္ဖိုးရွိေသာ နိုင္ငံျခား ေငြလဲလွယ္မႈတြင္ ေဒၚလာသည္ ပါ၀င္ၿပီး ႏွစ္စဥ္ကမၻာ့ကုန္သြယ္မႈတြင္ ေဒၚလာ ၃၂ ထရီလ်ံခန႔္၏ ထက္ဝက္ကို ေဒၚလာျဖင့္ ေကာက္ ခံထားေၾကာင္း BIS ႏွင့္ ကုလသမဂၢ၏ အခ်က္အလက္မ်ားအရ သိရပါတယ္။

============================

တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်ဆိုင်ရာ ယွမ်ငွေ ပေးချေမှုစနစ်များ ပိုမိုအားကောင်းလာနေသောကြောင့် ကာလကြာရှည်စွာ ကမ္ဘာကို လွှမ်းမိုးထားသော ကန်ဒေါ်လာ ငွေပေး ချေမှုစနစ်များကို မျက်ခုံးလှုပ်စေခဲ့

 

သြဂုတ် ၁၀

တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်ဆိုင်ရာ ယွမ်ငွေများ နှင့် တရုတ်နိုင်ငံ ဗဟိုဘဏ် ၏ အခြားသော ဒစ်ဂျစ်တယ်ငွေကြေးများကို ချဲ့ထွင်နိုင်ရန် ပလပ်ဖောင်းအသစ်သည် လက်တွေ့လုပ်ငန်းများ နှင့် ပိုမိုနီးစပ်လာကာ အမေရိကန် ဒေါ်လာဖြင့် ကာလကြာရှည်စွာ လွှမ်းမိုးထားသည့် ငွေကြေး စနစ်ကို မျက်ခုံးလှုပ်စေခဲ့ တာလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ဘဏ်များကို အမှီမပြုဘဲ ကမ္ဘာအနှံ့ ငွေပို့ငွေလွှဲခြင်းများအတွက် ဘေဂျင်း(တရုတ်) မှ ကျောထောက် နောက်ခံ ပြုထားသော ဒစ်ဂျစ်တယ် စနစ် ငွေကြေး ပုံစံသည် လျင်မြန်စွာ တိုးတက်နေသဖြင့် ဥရောပနိုင်ငံများ နှင့် အမေရိကန် နိုင်ငံ ငွေကြေးဆိုင်ရာ လေ့လာသူအချို့က ယခုအခါ ၎င်းအား ကမ္ဘာ့ဘဏ္ဍာရေးတွင် ဒေါ်လာငွေစုထားသော ငွေပေးချေမှုများအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ပြောကြားလာကြပြီလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်နိုင်ငံတို့ နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ တို့မှ တီထွင်ထုတ်လုပ်နေသည့် mBridge အမည်ရှိ ငွေကြေးဆိုင်ရာ ပရောဂျက်သည် ယခု နှစ်ကုန်ပိုင်းတွင် အခြေခံလုပ်ငန်းသုံး ထုတ်ကုန်တစ်ခု ငွေကြေးသုံးစွဲမှုကို အဆင်သင့်ဖြစ်နိုင်ဖွယ်ရှိကြောင်း အဆိုပါ လုပ်ငန်းနှင့် ရင်းနှီးသူ ၄ဦးက ပြောကြား ထားပါတယ်။

mBridge ငွေကြေးဆိုင်ရာ ပရောဂျက်သည် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Bank for International Settlement (BIS) ကမ္ဘာလုံး ဆိုင်ရာ ဗဟိုဘဏ်ပူးပေါင်းဆောင် ရွက်မှု၏ဗဟိုချက်လည်းဖြစ်ပြီး ငွေကြေး ဆိုင်ရာကိစ္စရပ် များက အလွန်ကြီးမားပါတယ်။

BIS နှင့် United Nations တို့မှ အချက်အလက်များအရ နှစ်စဉ်ဒေါ်လာ ၆.၆ ထရီလီယံတန်ဖိုးရှိသော နိုင်ငံခြား ငွေလဲလှယ်မှုတွင် ဒေါ်လာသည် ပါ၀င်ပြီး နှစ်စဉ်ကမ္ဘာ့ကုန်သွယ်မှုတွင် ဒေါ်လာ ၃၂ ထရီလျံခန့်၏ ထက်ဝက်ကို ဒေါ်လာဖြင့် ကောက် ခံထားကြောင်း BIS နှင့် ကုလသမဂ္ဂ၏ အချက်အလက်များအရ သိရပါတယ်။