ရုရှားနဲ့ယူကရိန်း အစိုးရတို့ အကျဉ်းသားချင်းလဲလှယ်ရန် ဆွေးနွေး

မော်စကို ဇွန် ၁ဝ

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတ ပီထရို ပိုရိုရှန်ကိုတို့သည် နှစ်ဖက် စလုံးမှ ထိန်းသိမ်းထားသည့် သူများကို လဲလှယ်နိုင်ရန် စနေနေ့က တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာများ၊ နှစ်ဖက်စလုံးမှ ထိန်းသိမ်းထားသူများ လဲလှယ်ရေးကိစ္စများ အပါအဝင် အခြားသောကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆွေးနွေးရာတွင် ရုရှားသမ္မတပူတင်က ယူကရိန်းတွင် ဖမ်းဆီးခံထားရသည့် ရုရှား ဂျာနယ်လစ်များ လွှတ်ပေးရေး၊ နှောင့်နှေးကြန့်ကြာမှု မရှိစေရန် ဆောင်ရွက် ပေးစေရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော်မှ ထုတ်ပြန်ချက်အရ သိရသည်။ နှစ်နိုင်ငံစလုံးမှ လူ့အခွင့်အရေးကော်မရှင်နာတို့ကို အပြန်အလှန်လာ ရောက်လေ့လာရန် သမ္မတပူတင်နှင့် သမ္မတ ပိုရိုရှန်ကိုတို့ သဘောတူခဲ့ကြသည်။

လူအခွင့်အရေးကော်မရှင်နာတို့သည် ယူကရိန်းနိုင်ငံ၌ အထိန်းသိမ်းခံထားရသည့် ရုရှားအကျဉ်းသားများနှင့် ရုရှားနိုင်ငံ၌ ထိန်းသိမ်းခံထားရသည့် ယူကရိန်းအကျဉ်းသားများကို အပြန်အလှန် လေ့လာကြမည်ဖြစ်သည်။ ရုရှားနှင့် ယူကရိန်းတို့သည် ခရိုင်းမီးယားအရေးကိစ္စတွင် ရုရှား၏ ပါဝင်ပတ်သက်မှုကြောင့် အခြေအနေဆိုးရွား ခဲ့ရသည်။

 

ဆင်ဟွာ