ပြည်သူနှင့်ရေနဲ့ငါးလိုတစ်သားတည်းဖြစ်အောင် နေထိုင်ဆက်ဆံကြရန်မန္တလေးတိုင်းဒေသကြီး တိုင်းခရိုင်မြို့နယ်ပါတီတာဝန်ရှိသူများ၊ ပါတီဝင်များနှင့်တွေ့ဆုံပွဲ၌ဒုတိယဥက္ကဋ္ဌပြောကြား

ပြည်သူနှင့်ရေနဲ့ငါးလိုတစ်သားတည်းဖြစ်အောင်
နေထိုင်ဆက်ဆံကြရန်မန္တလေးတိုင်းဒေသကြီး
တိုင်းခရိုင်မြို့နယ်ပါတီတာဝန်ရှိသူများ၊
ပါတီဝင်များနှင့်တွေ့ဆုံပွဲ၌ဒုတိယဥက္ကဋ္ဌပြောကြား
==========================
မန္တလေး ဇူလိုင် ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ
ဒုတိယဥက္ကဋ္ဌဦးလှထွန်းသည်
မန္တလေးတိုင်းဒေသကြီး၊ပြည်ခိုင်ဖြိုးပါတီမှ
တိုင်၊ခရိုင်၊မြို့နယ်တာဝန်ရှိသူများ၊ပါတီဝင်များ
နှင့်တိုင်းပါတီအစည်းအဝေးခန်းမတွင်(၁၇.၃.၂၀၁၃)နေ့၊နံနက်(၉:၃၀)နာရီအချိန်၌
တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲအား
နိုင်ငံတော်သီချင်းသံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီး
ဒုတိယဥက္ကဋ္ဌမှနှုတ်ခွန်းဆက်စကားပြောကြားရာတွင်ရွေးကောက်ပွဲကျင်းပခဲ့ပါက အဆင်သင့်ဖြစ်နေရန်အတွက် ယခုကတည်းက ကြိုတင်ပြင်ထားရမည်ဖြစ်ကြောင်း၊ပြည်သူများလိုလားမှုသည်ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ရေး
ဖြစ်သည့်အတွက်တည်ငြိမ်အေးချမ်းရေးအတွက်ဝိုင်းဝန်းကူညီပေးကြရန်လိုကြောင်း၊
လက်ရှိမှာအရင်စိုက်ခဲ့တဲ့သီးနှံတွေကို
ယခုမိမိတို့စားသုံးနေရခြင်းဖြစ်ကြောင်း၊
ယခုမိမိတို့စိုက်ပျိုးသောသီးနှံများသည်
မိမိတို့စားသုံးရန်အတွက်မဟုတ်ပဲ
နောင်လာနောက်သားများမပူမပင်စားသုံးနိုင်ရန်
လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း၊
ပါတီတွင်းစည်းလုံးမှု့ကို ခိုင်မာအောင်တည်ဆောက်ကြရန်လိုကြောင်း၊
ပြည်သူပါမှအောင်မြင်မှာဖြစ်သလို
ပါတီသည်ပြည်သူနှင့်ကင်းကွာ၍မရကြောင်း၊
ပြည်သူနှင့်ရေနဲ့ငါးလိုတစ်သားတည်းဖြစ်အောင်
နေထိုင်ဆက်ဆံကြရန်လိုကြောင်းဦးစွာနှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။

ဆက်လက်၍
တိုင်းပါတီဥက္ကဋ္ဌဦးအောင်ကျော်မိုးမှ
ဗဟိုအလုပ်အမှုဆောင်စုံညီအစည်းအဝေး
(၇/၂၀၁၃) ညွှန်ကြားချက်များအားထပ်ဆင့်ရှင်းလင်းခဲ့ပြီးရှေ့လုပ်လုပ်ငန်းစဉ်များအားအသေးစိတ်ဆွေးနွေးခဲ့ပါသည်။

၎င်းနောက်တိုင်းကော်မတီဝင်
ဘဏ္ဍာရေးမှူးဒေါ်သိင်္ဂီအောင်မှ
PRစနစ်အကြောင်းရှင်းလင်းခဲ့ပြီး
ခရိုင်နှင့်မြို့နယ်များမှ တင်ပြဆွေးနွေးခဲ့ကြပါသည်။

တင်ပြဆွေးနွေးမှုများအပေါ်ဒုတိယဥက္ကဋ္ဌမှ
ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး
နိဂုံးချုပ်အမှာစကားပြောကြားရာတွင်
စိတ်ဓာတ်ကောင်းသူတွေများမှ
တိုင်းပြည်ကောင်းမွန်တိုးတက်မှာဖြစ်၍
စိတ်ဓာတ်ကောင်းရန်လိုကြောင်း
ပါတီ၏ကြောရိုးသည်စည်းကမ်းဖြစ်သဖြင့်
စည်းကမ်းကို လိုက်နာကြရန်လိုအပ်ကြောင်း၊
ရွေးကောက်ပွဲသည်ယှဉ်ပြိုင်ရခြင်းဖြစ်၍
ယှဉ်ပြိုင်ရာတွင်အနိုင်ရရှိအောင်ကြိုးစားရမည်
ဖြစ်ကြောင်းနှင့်
ပြည်သူများပါဝင်လာရန်စည်းစည်းလုံးလုံးဖြင့်
ကြိုးစားဆောက်ရွက်ကြဖို့လိုကြောင်းမှာကြားပြီး
(၁၂:၃၀)နာရီတွင်တွေ့ဆုံပွဲ ပြီးဆုံးခဲ့ပါသည်။

#USDP