ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်/အမျိုးသမီးစွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၁)ဖွင့်လှစ်

 


ဇူလိုင် ၁၀၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ရေးရာကော်မတီနှင့် အမျိုးသမီးရေးရာကော်မတီတို့မှကြီးမှူး၍ ရက်သတ္တ(၂)ပတ် ဖွင့်လှစ်မည့် လူငယ်/အမျိုးသမီးစွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆို၍ စတင်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ အဖွင့်အမှာစကားပြောကြားရာ “လူငယ်/အမျိုးသမီးစွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ရသည့် အကြောင်းအရာများ၊ အနာဂတ်တွင် လူငယ္မ်ား၏ အခန်းကဏ္ဍ၊ အမျိုးသမီးများ၏ အခန်းကဏ္ဍများနှင့် လုပ်ဆောင်ရမည့် အချက်များ”အား ပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

အဆိုပါ လူငယ်/အမျိုးသမီးစွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ သင်တန်းသား/သူ (၁၀၈)ဦးနှင့် ဦးစီးရုံးအဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။ ၎င်းနောက် သင်တန်းပထမနေ့အဖြစ် ပါတီဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းတို့မှ သင်ခန်းစာများအားသင်ကြားပို့ချခဲ့ပါသည်။

#USDP #Myanmar
#Naypyitaw