Stray Kids အဖွဲ့ရဲ့ 5-Star သီချင်းခွေ အမေရိကန်မှာ ထိပ်ဆုံးရောက်

ကိုရီးယားယောင်္ကျားလေးအဆိုရှင်အဖွဲ့ Stray Kids ရဲ့ 5-Star သီချင်းခွေက အမေရိကန်ရဲ့ ဒီသီတင်းပတ် လူကြိုက်အများဆုံး သီချင်းခွေစာရင်းမှာ နံပါတ် တစ် နေရာကို ရယူထားကြောင်း သိရပါတယ်။ အများစုကို ကိုရီးယားလိုဆိုထားတဲ့သီချင်းခွေက သန်းနဲ့ချီပြီးရောင်းချခဲ့ရပြီး အွန်လိုင်းမှာလည်း ရေပန်းစားနေပါတယ်။
နံပါတ်နှစ်နေရာမှာတော့ ထိပ်ဆုံးမှာ ၁၂ ပတ်ကြာရပ်တည်ခဲ့တဲ့ မော်ဂန်ဝေါ်လင်ရဲ့ One Thing at a Time ရှိနေပြီး နံပါတ်သုံးနေရာမှာက ဂျယ်လီရိုးလ်ရဲ့ Whitsitt Chapel သီချင်းခွေရှိနေပါတယ်။
Enhyphen အဖွဲ့ရဲ့ Dark Blood နဲ့တေလာဆွစ်ဖ် ရဲ့ Midnights တို့က နံပါတ်လေးနဲ့ငါးကို သိမ်းပိုက်ထားပါတယ်။
Lil Durk ရဲ့ Almost Healed ၊ Metro Boomin ရဲ့ Spider-Man: Across the Spider-Verse ဇာတ်ဝင်သီချင်း ၊ Foo Fighters အဖွဲ့ရဲ့ But Here We Are ၊ အမျိုးသမီးရက်ပါ SZA ရဲ့ SOS ၊ Moneybagg အုပ်စုရဲ့ Yo’s Hard to Love တို့က နံပါတ် ၆ ၊ ၇ ၊၈ ၊၉ ၊ ၁၀ အစဉ်လိုက်ရပ်တည်နေကြပါတယ်။

-Ref:UPI