ေတလာဆြစ္ (၄)ႀကိမ္ေျမာက္အျဖစ္ ဂရမ္မီဆု ခ်ီးျမႇင့္ခံရ

နာမည္ေက်ာ္ ေပါ့ပ္ဂီတ အဆိုေတာ္ ေတလာဆြစ္ဟာ ေတးအယ္လ္ဘမ္ “Midnights”အတြက္ တစ္ႏွစ္တာ အေကာင္းဆုံးေတးအယ္လ္ဘမ္ ဂရမ္မီဂီတဆုကို (၄)ႀကိမ္ေျမာက္အျဖစ္ တနဂၤေႏြေန႔မွာ ခ်ီးျမႇင့္ခံရလိုက္ပါတယ္။ ဒီအတြက္ ဂရမ္မီဂီတဆုကို ေလးႀကိမ္ တိတိ ခ်ီးျမႇင့္ခံရတဲ့ ပထမဆုံး ေပါ့ပ္အဆိုေတာ္အျဖစ္ သမိုင္းတြင္သြားခဲ့ ပါတယ္။
အဲဒီဂရမ္မီဆုေပးပြဲမွာ တစ္ႏွစ္တာ အေကာင္းဆုံး သီခ်င္းဆုကိုေတာ့ ဘီလီ အိလစ္(ခ်္) က “Barbie” ႐ုပ္ရွင္ဇာတ္ကားရဲ့ ဇာတ္ဝင္ေတးျဖစ္တဲ့ “What Was I Made For” ဆိုတဲ့သီခ်င္းနဲ႔ ဆုရရွိခဲ့ပါတယ္။ မီေလဆိုင္းရပ္စ္ကေတာ့ “Flowers”ဆိုတဲ့ သီခ်င္းအတြက္ ဂုဏ္ျပဳဆု ခ်ီးျမႇင့္ခံခဲ့ရပါတယ္။
အေကာင္းဆုံး တက္သစ္စ ဂီတအႏုပညာရွင္ဆုေတြကိုေတာ့ R&B နဲ႔ ေပါ့ပ္ဂီတ အႏုပညာရွင္ျဖစ္တဲ့ ဗစ္တိုးရီးယား မိုနက္ က ရရွိခဲ့ပါတယ္။ ဆုရရွိသူ အႏုပညာရွင္ေတြကို ဂီတပညာရွင္ေတြ ၊ ထုတ္လုပ္သူေတြ ၊ အင္ဂ်င္နီယာေတြနဲ႔ အသံသြင္းျခင္းဆိုင္ရာ အကယ္ဒမီမွာ ပါဝင္သူေတြက စိစစ္ေရြးခ်ယ္ေပးခဲ့ၾကတာျဖစ္ပါတယ္။

============

တေလာဆွစ် (၄)ကြိမ်မြောက်အဖြစ် ဂရမ်မီဆု ချီးမြှင့်ခံရ

နာမည်ကျော် ပေါ့ပ်ဂီတ အဆိုတော် တေလာဆွစ်ဟာ တေးအယ်လ်ဘမ် “Midnights”အတွက် တစ်နှစ်တာ အကောင်းဆုံးတေးအယ်လ်ဘမ် ဂရမ်မီဂီတဆုကို (၄)ကြိမ်မြောက်အဖြစ် တနင်္ဂနွေနေ့မှာ ချီးမြှင့်ခံရလိုက်ပါတယ်။ ဒီအတွက် ဂရမ်မီဂီတဆုကို လေးကြိမ် တိတိ ချီးမြှင့်ခံရတဲ့ ပထမဆုံး ပေါ့ပ်အဆိုတော်အဖြစ် သမိုင်းတွင်သွားခဲ့ ပါတယ်။
အဲဒီဂရမ်မီဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံး သီချင်းဆုကိုတော့ ဘီလီ အိလစ်(ချ်) က “Barbie” ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေးဖြစ်တဲ့ “What Was I Made For” ဆိုတဲ့သီချင်းနဲ့ ဆုရရှိခဲ့ပါတယ်။ မီလေဆိုင်းရပ်စ်ကတော့ “Flowers”ဆိုတဲ့ သီချင်းအတွက် ဂုဏ်ပြုဆု ချီးမြှင့်ခံခဲ့ရပါတယ်။
အကောင်းဆုံး တက်သစ်စ ဂီတအနုပညာရှင်ဆုတွေကိုတော့ R&B နဲ့ ပေါ့ပ်ဂီတ အနုပညာရှင်ဖြစ်တဲ့ ဗစ်တိုးရီးယား မိုနက် က ရရှိခဲ့ပါတယ်။ ဆုရရှိသူ အနုပညာရှင်တွေကို ဂီတပညာရှင်တွေ ၊ ထုတ်လုပ်သူတွေ ၊ အင်ဂျင်နီယာတွေနဲ့ အသံသွင်းခြင်းဆိုင်ရာ အကယ်ဒမီမှာ ပါဝင်သူတွေက စိစစ်ရွေးချယ်ပေးခဲ့ကြတာဖြစ်ပါတယ်။