TikTok ကို အမေရိကန်က မွန်တာနာမှာ ပိတ်ပင်

မွန်တာနာဟာ TikTok ကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ ပထမဆုံး ပြည်နယ်ဖြစ်လာပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်က စတင်ကာ ပိတ်ပင်မှာပါ။ အခုလို ပိတ်ပင်တာကို မွန်တာနာ အစိုးရ အကြီးအကဲ Greg Gianforte က လက်မှတ်ထိုးလိုက်ပြီ ဖြစ်ပြီး နောက်နှစ်က စတင်ကာ Mobile App Store တွေမှာ TikTok ကို ဖယ်ရှားပေးရမှာပါ။
Gianforte က TikTok ဟာ User Data များစွာကို တရုတ် ကွန်မြူနစ်ပါတီထံကို ပေးပို့နေတယ်လို့ ပြောပါတယ်။ TikTok ကို အရင်က မွန်တာနာ ပြည်နယ်ရဲ့ အစိုးရက ထုတ်ပေးထားတဲ့ Device တွေမှာ ပိတ်ပင်ထားခဲ့ပါတယ်။
မွန်တာနာ ဒေသခံတွေဟာ App ကို ပိတ်ပင်ပြီးနောက်မှာ ဆက်လက် အသုံးပြုလို့တော့ ရပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ပြီးနောက်မှာ TikTok App ကို ဒေါင်းလုပ်လုပ်ခွင့်ပေးထားဦးမယ်ဆိုရင် App Store Operator နဲ့ TikTok ကို မွန်တာနာ ပြည်နယ်က ၁ ရက်ကို ဒေါ်လာ ၁၀,၀၀၀ ဒဏ်ရိုက်မှာပါ။
TikTok က ဒီလို ပိတ်ပင်တာဟာ မွန်တာနာ ပြည်သူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်ပြီး တရားရုံးမှာ အယူခံဝင်သွားမယ်လို့ ပြောပါတယ်။
Ref : gsmarena