7,000mAh Battery ပါတဲ့ Huawei Enjoy 60X ကို ကြေညာ (မြန်မာနိုင်ငံနဲ့ ကွက်တိပဲ။)

Huawei က အရွယ်အစားကြီးမားတဲ့ Battery တပ်ဆင်ထားပြီး ဈေးချိုတဲ့ Enjoy 60X ကို ကြေညာလိုက်ပါတယ်။ 7,000mAh Battery တပ်ဆင်ထားပြီး အားအပြည့်သွင်းထားရင် ၂ ရက်လောက် အေးအေးဆေးဆေး အသုံးပြုလို့ရပါတယ်။

၆.၉၅ လက်မ IPS LCD 90Hz FHD+ မျက်နှာပြင် ပါလာပြီး Snapdragon 680 SoC မောင်းနှင်ထားပါတယ်။ 8GB RAM ပါလာပြီး 512GB Storage အထိ ရွေးချယ်နိုင်ပါတယ်။

အနောက်ဘက်မှာ 50MP Main, 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

512GB Version မှာ Reverse Charge ပါတဲ့အတွက် တခြား ဖုန်းတွေကို အားသွင်းပေးနိုင်ပါတယ်။ HarmonyOS 3.0 မောင်းနှင်ထားပြီး အရောင် ၅ မျိုးထုတ်လုပ်ထားကာ အရောင်အပေါ် မူတည်ပြီး အနောက်ဘက်ကို ပလတ်စတစ် သို့မဟုတ် သားရေအတုနဲ့ တည်ဆောက်ထားပါတယ်။ Orange နဲ့ Black အရောင် ၁ မျိုးမှာ သားရေအတု၊ White, Green နဲ့ Black အရောင် ၁ မျိုးမှာ ပလတ်စတစ်နဲ့ ပြုလုပ်ထားပါတယ်။

ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena

#HuaweiEnjoy60X