Variable Aperture ပါတဲ့ ကင်မရာနဲ့ ကမ္ဘာ့အတောက်ပဆုံး မျက်နှာပြင် ပါတဲ့ Xiaomi 13 Ultra ကို ကြေညာ

Xiaomi က စွမ်းရည်မြင့် 13 Ultra ကို ကြေညာလိုက်ပြီး အဓိက အနေနဲ့ ကင်မရာတွေကို အသားပေးထားပါတယ်။ မျက်နှာပြင်အကြောင်း စပြောရရင် ၆.၇၃ လက်မ 3200x1440p AMOLED ဖြစ်ပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ 2,600nits အထိ ထောက်ပံ့တဲ့အတွက် ကမ္ဘာ့ အတောက်ပဆုံး မျက်နှာပြင် ဖြစ်လာပါတယ်။ အနောက်ဘက်ကို ဘက်တီးရီးယားတွေ မကပ်နိုင်တဲ့ ဆီလီကွန် သားရေနဲ့ ဖုံးအုပ်ထားပါတယ်။

နောက်ဆုံးထုတ် Snapdragon 8 Gen 2 မောင်းနှင်ထားပြီး LPDDR5X RAM နဲ့ UFS 4.0 Storage ပါပါတယ်။ Chip ကို Xiaomi ထုတ်ထားတဲ့ LiquidCool နည်းပညာနဲ့ အပူလျှော့ချပေးထားပါတယ်။

အနောက်ဘက်မှာ 50MP ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။ ပင်မ ကင်မရာက ၁ လက်မ Sony IMX989 ဖြစ်ပြီး f/1.9 နဲ့ f/4.0 အကြားပြောင်းလဲနိုင်တဲ့ Variable Aperture ဖြစ်ပါတယ်။ Variable Aperture ပါတဲ့အတွက် User တွေဟာ အလင်းဝင်ရောက်မှုနဲ့ Depth of Field ကို ထိန်းချုပ်နိုင်ပါတယ်။ နောက်ကင်မရာ ၁ လုံးက မြင်ကွင်းကျယ်ဖြစ်ပြီး 122-Degree FOV ထောက်ပံ့ပါတယ်။ နောက်ကင်မရာ ၂ လုံးက Telephoto ဖြစ်ပြီး ပထမ ၁ လုံးက 2.5x Zoom နဲ့ ဒုတိယ ၁ လုံးက 5x Zoom ကို ထောက်ပံ့ပါတယ်။ အရှေ့ဘက်မှာတော့ 32MP ကင်မရာ တပ်ဆင်ထားပါတယ်။

90W Wired Charging နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး Xiaomi က Battery ၁ ရာခိုင်နှုန်းကျန်ရင်တောင် မိနစ် ၆၀ သုံးနိုင်တယ်လို့ ပြောပါတယ်။ Black, Olive Green နဲ့ White အရောင်တွေ ရွေးချယ်နိုင်ပြီး Android 13 အခြေပြု MIUI 14 ပါလာပါတယ်။ တရုတ်မှာ ဒီလ ၂၁ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး ကြိုတင်မှာယူခွင့်ပေးလိုက်ပါပြီ။ နိုင်ငံတကာမှာ ရောင်းချမှာ ဖြစ်ပေမယ့် ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

ဈေးနှုန်း

  • 12GB + 256GB – 5,999 Yuan ($872)
  • 16GB + 512GB – 6,499 Yuan ($945)
  • 16GB + 1TB – 7,299 Yuan ($1061)

Ref : gsmarena