Apple က ဩစတြေးလျနဲ့ နယူးဇီလန်မှာ ဂြိုလ်တု ဆက်သွယ်ရေးကို ဝန်ဆောင်မှုပေး

Apple က ဂြိုလ်တု ဆက်သွယ်ရေးကို ဩစတြေးလျနဲ့ နယူးဇီလန်မှာ ဝန်ဆောင်မှုပေးလိုက်ပါတယ်။ ဒီနေ့ကစတင်ကာ iPhone 14, 14 Plus, 14 Pro နဲ့ 14 Pro Max တို့မှာ အသုံးပြုလို့ရပါပြီ။
အခပေး ဝန်ဆောင်မှု ဖြစ်ပေမယ့် လက်ရှိ iPhone ကိုင်ထားသူတွေဟာ ၂ နှစ်ကြာ အခမဲ့ အသုံးပြုခွင့်ရပါတယ်။ အခုမှ iPhone 14 ဝယ်တဲ့ သူတွေဟာ ဖုန်းကို Activate လုပ်တဲ့ နေ့ကစလို့ ၂ နှစ်ကြာ အခမဲ့ အသုံးပြုနိုင်မှာပါ။
လိုင်းမမိတဲ့ နေရာတွေမှာ ဂြိုလ်တု ဆက်သွယ်ရေးကို အသုံးပြုတာ စာတိုတွေပေးပို့နိုင်မှာ ဖြစ်ပြီး စာတိုတွေကို ၁၅ စက္ကန့်အတွင်း ပေးပို့ပေးပါတယ်။ ဒါ့အပြင် သင့်တည်နေရာကို သူငယ်ချင်း၊ မိသားစုတွေထံပေးပို့နိုင်ပါတယ်။ ဩစတြေးလျမှာ ဆယ်လူလာလိုင်း မမိတဲ့ နေရာများစွာ ရှိတဲ့အတွက် Apple ရဲ့ ဂြိုလ်တု ဆက်သွယ်ရေးဟာ အသုံးဝင်လာမှာ ဖြစ်ပါတယ်။
Apple ရဲ့ ဂြိုလ်တု ဆက်သွယ်ရေးကို အရင်က နိုင်ငံ ၁၂ ခုမှာ အသုံးပြုနိုင်ပြီ ဖြစ်ပြီး အဲဒီ နိုင်ငံတွေက Austria, Belgium, Canada, France, Germany, Ireland, Italy, Luxembourg, the Netherlands, Portugal, UK နဲ့ US တို့ ဖြစ်ပါတယ်။
Ref : gsmarena