ချဲလ်ဆီးနည်းပြသစ်ဖြစ်လာရန် နာဂယ်စ်မန်း ရေပန်းအစားဆုံးဖြစ်နေ

ဘိုင်နယ်မြူးနစ်နည်းပြဟောင်း နာဂယ်စ်မန်းဟာ ဗီလာကို (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲပြီးနောက် ချဲလ်ဆီးနည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဂရေဟမ်ပေါ်တာနေရာမှာ အစားထိုးဝင်ရောက်ဖို့အတွက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ နာဂယ်စ်မန်းကို စပါးအသင်းကလည်း နည်းပြခန့်အပ်ဖို့ ဆန္ဒရှိနေပြီး ချဲလ်ဆီးနည်းပြသစ်ဖြစ်လာဖို့ 10:11 လေးနဲ့ ရေပန်းစားနေတာပါ။ စပါးနည်းပြဟောင်း ပိုချက်တီနိုက 7:2 လေးနဲ့ ဒုတိယနေရာမှာရှိနေပြီး ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား(၃)လုံးဆွတ်ခူးခဲ့တဲ့ ဇီဒန်းကတော့ 6:1 လေးနဲ့ တတိယနေရာမှာ ရေပန်းစားနေပါတယ်။ ဂရေဟမ်ပေါ်တာဟာ ချဲလ်ဆီးကို(၇)လကြာကိုင်တွယ်ခဲ့ရာမှာ (၃၁)ပွဲမှာ (၁၂)ပွဲသာ အနိုင်ရခဲ့ပါတယ်။ စနေနေ့က ဗီလာကို (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာတော့ ချဲလ်ဆီးဘုတ်အဖွဲ့က ဂရေဟမ်ပေါ်တာ

အပေါ် စိတ်ရှည်မှုကုန်ဆုံးခဲ့ပြီး ရားထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ပေါ်တာရဲ့နည်းပြအဖွဲ့ဝင် Bruno Saltor ကို အသင်းယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ လာမယ့် အင်္ဂါနေ့မှာ ပရီးမီးယားလိဂ်ပွဲကျန်အဖြစ် လီဗာပူးနဲ့ကစားရမှာဖြစ်ပါတယ်။