ChatGPT ကို အီတလီက ပိတ်ပင်

Open AI ကုမ္ပဏီကထုတ်လုပ်တဲ့ ChatGPT ဟာ လူနဲ့ စက်ကြား အပြန်အလှန်စကားပြောနိုင်တဲ့ အကောင်းဆုံးဉာဏ်ရည်တုနည်းပညာပါ။ အချို့သော နိုင်ငံတွေမှာတော့ Chat GPT အထူးသဖြင့် AI နည်းပညာ ပိုပြီးအားကြီးလာတာနဲ့ အမျှ AI နဲ့ ပတ်သက်တဲ့ ဥပဒေတွေတဖြေးဖြေးပေါ်ထွက်လာနေပါပြီ။ အခုတော့ အီတလီက ChatGPT ကို ပိတ်ပင်လိုက်ပါတယ်။ ထုံးစံအတိုင်း အချက်အလက် ကာကွယ်ရေးဆိုင်ရာ ခေါင်းစဉ်နဲ့ အီတလီ က အနောက်နိုင်ငံတွေထဲမှာ ပထမဆုံး ပိတ်တာပါ။ တ-ရုတ် , အီရန် , မြောက်ကိုရီးယား နဲ့ ရုရှား တို့ကတော့ နဂိုကတည်းက ChatGPT နဲ့ ကင်းရှင်းနေတာပါ။ Open AI ကုမ္ပဏီ ဘက်ကတော့ အီတလီ ဘက်ကတရားဝင် ပြန်လည် ခွင့်ပြုဖို့ ထပ်မံကြိုးစားမယ်လို့ ဆိုပါတယ်။