လုပ်ခလစာလျှော့ယူရန် မက်ဆီ ဆန္ဒမရှိ

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပြင်သစ်ကလပ် ပီအက်စ်ဂျီမှာ ဆက်နေခဲ့ရင်လည်း လုပ်ခလစာလျှော့ယူဖို့ ဆန္ဒမရှိဘူးလို့ ဖွင့်ဟခဲ့ပါတယ်။  အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိခဲ့တာဖြစ်ပြီး လာမယ့် ဇူလိုင်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။

မက်ဆီအနေနဲ့ ပီအက်စ်ဂျီမှာ ဆက်ကစားချင်တယ်လို့ ပြောကြားထားခဲ့ပေမယ့် စာချုပ်သစ်မှာတော့ လစာလျှော့ယူဖို့ ဆန္ဒမရှိတာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးသာတူညီမျှ စည်းမျဉ်းတွေနဲ့ ငြိစွန်းမှုမရှိစေဖို့အတွက် ပီအက်စ်ဂျီအသင်းအနေနဲ့ အလုပ်လုပ်ခတွေကို ၃၀ ရာခိုင်နှုန်းနီးပါးအထိ လျှော့ချဖို့ စီစဉ်နေတာပါ။ မက်ဆီဟာ ပီအက်စ်ဂျီကစားသမားဘဝ ၂ နှစ်တာအတွင်း ၆၆ ပွဲ ကစားပြီး ၂၉ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

နွေရာသီမှာ အနာဂတ်ကို ဆုံးဖြတ်ရတော့မယ့် မက်ဆီကို အသင်းဟောင်းဘာစီလိုနာအပြင် ဆော်ဒီနဲ့ မေဂျာလိဂ်ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။