ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်း/ခရိုင်/ မြို့နယ် ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

ပြည် မတ် ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မျိုးသိန်းနှင့်အတူ ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်း၊ ဒေါ်ခင်ရွှေမြင့်တို့လိုက်ပါလျှက် (၂၃.၃.၂၀၂၃)ရက် နေ့ညနေ (၄)နာရီအချိန်တွင် ပြည်မြို့နယ်၊တိုင်းပါတီရုံး အစည်းအဝေးခန်းမ၌ တိုင်း/ခရိုင်/မြို့နယ်တာဝန်ရှိသူအဆင့်ဆင့်နှင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲ၌ပါတီဒုတိယဥက္ကဋ္ဌမှနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မိမိတို့အားလုံးသည် နိုင်ငံကောင်းကျိုး၊ ပြည်သူကောင်းကျိုး၊ ကိုယ့်ဒေသကောင်းကျိုး၊ ပါတီကောင်းကျိုးကို  လုပ်ကိုင်နေကြသူများဖြစ်၍ စေတနာကောင်းထားပြီး လုပ်ကိုင်ရန်လိုအပ်ကြောင်း၊ အသွင်ဟောင်းတွေကို ပြုပြင်ပြီး အသွင်သစ်ဖြစ်သွားကြရန် လိုအပ်ကြောင်း၊ ပါတီဝင်အင်အားစာရင်းများမှန်ကန်ရေး၊ စုဖွဲ့မှု့များ မှန်ကန်ရေးရှိရန်လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းမှ PRစနစ်နှင့်ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊နည်းဥပဒေများအကြောင်း အကျယ်တဝန့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

၎င်းနောက် ခရိုင်နှင့်မြို့နယ်ဥက္ကဋ္ဌများမှ ခရိုင်အလိုက်၊မြို့နယ်အလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြမှု့များအပေါ် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပါတီဥက္ကဋ္ဌဦးအောင်ချိုဦးမှ ဖြည့်စွက်ရှင်းလင်းခဲ့ပါသည်။

တိုင်း/ခရိုင်/မြို့နယ်များ၏တင်ပြချက်များအပေါ် ပါတီဒုတိယဥက္ကဋ္ဌမှ အသေးစိတ်ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြော ကြားရာတွင် ယခုအစည်းအဝေး တက်ရောက်လာသူများသည် သူ့နယ်ပယ်အသီးသီးတွင် ပေးဆပ်ပြီး ပါတီတာဝန်ထမ်းဆောင်နေသူများ ဖြစ်ကြကြောင်း၊ ဦးဆောင်နေကြသူများဖြစ်ကြ၍ မိမိတို့ပါတီ ဘယ်သွားချင်လည်း၊ ဘာလုပ်ချင်လည်း၊ ဘာဖြစ်ချင်တာလည်းဆိုတာကိုသိထားရန် လိုအပ်ကြောင်းပြည်ခိုင်ဖြိုးပါတီသည်နိုင်ငံရေးပါတီဖြစ်သည့်အတွက် လက်နက်ကိုင်မည့်လမ်းစဉ်ကို အားမပေးပါကြောင်း၊တို့တာဝန်အရေး (၃)ပါးကို ထိပါးလာက ဥပဒေနှင့်အညီ မိမိကိုယ်တိုင်ရှေ့ဆုံးကထွက်မည်ဖြစ်ကြောင်း ပြောကြားကာည(၈)နာရီ တွင်တွေ့ဆုံပွဲပြီးဆုံးခဲ့ပါသည်။

တွေ့ဆုံပွဲသို့တိုင်း၊ ခရိုင်၊မြို့နယ် အတွင်းရှိ ပါတီတာဝန်ရှိသူ (၂၅၂)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။