(၁၂၉)ကြိမ်မြောက်ရှင်ဥပဂုတ္တမထေရ်မြတ်မီးမျှောပူဇော်ပွဲတွင်ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဗုဒ္ဓဝေယျာဝစ္စကုသိုလ်ယူ

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင်ကျင်းပသော (၁၂၉)ကြိမ်မြောက် ရှင်ဥပဂုတ္တမီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီ ကကျင်းပရာ ပွဲတော်ကျင်းပရေးဦးစီးနာယက ကုန်းကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော် ဦးစန္ဒိမာက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များနှင့်နိုင်ငံရေးပါတီများမှပါတီဝင်များ၊ဌာနဆိုင်ရာအသီးသီးမှအကြီးအကဲများ၊ကျောက်ကြီးအထကကျောင်းသားကျောင်းသူ ဘင်ခရာအဖွဲ့နှင့်     ပဲခူး ရပ်ကွက် အထကခွဲမှ ကျောင်းသားကျောင်းသူများတက်ရောက်ကြပြီး သတ်မှတ်ချိန်တွင် အဆိုပါ အခမ်းအနားကို ဖွင့်လှစ်ပေးကာ မြတ်စွာဘုရားရုပ်ပွားတော်မြတ်၊ ရှင်သီဝလိရ ဟန္တာရုပ်ပွားတော် မြတ်၊ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ရုပ်ပွားတော်တို့အား ဆားတန်း ရပ်ကွက် အေးငြိမ်းချမ်းသာ ဓမ္မာရုံ ယာယီစံကျောင်းမှ မြို့လယ်ချောင်းစံကျောင်းတော်သို့ ပဲခူးရပ်ကွက်        မေတ္တာရောင်ခြည် ပရဟိတလူငယ်များ၊ ကျောက်ကြီးပြည်ခိုင်ဖြိုးပါတီ လူငယ် များနှင့် မြို့ပေါ်ရပ်ကွက်များမှ ဓမ္မျေယာဂီများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ ယောဂီအဖွဲ့များက ရေလယ်စံကျောင်းသို့ ကြိုဆို ပင့်ဆောင်ခဲ့ကြောင်း သိရသည်။

ခိုင်ကြီး(ကျောက်ကြီး)