တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ အမျိုးသမီးရေးရာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို စက်တင်ဘာ (၁၅) ရက်နေ့နံနက် ၉ နာရီက ကျင်းပရာ ဧရာဝတီတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဥာဏ်လင်း တက်ရောက် အဖွင့်အမှာ စကားပြောကြားသည်။

14355027_183491308727013_3698111969226572321_n

ဆက်လက်၍ ဒေါ်နွယ်နွယ်ဦး (တိုင်းပါတီကော်မတီ အမျိုးသမီးရေးရာတာဝန်ခံ)၊ ဦးသန်းထွန်း (တိုင်းပါတီကော်မတီ)၊ ဦးလှနိုင်(တိုင်းပါတီဘဏ္ဍာရေးမှူး)၊ ဒေါ်စမ်းစမ်းဝင်း (ခရိုင်ပါတီ ဘဏ္ဍာရေးမှူး)၊ ဦးစောသောင်းဒန် (မအူပင်မြို့နယ်ပါတီ ဥက္ကဋ္ဌ)၊ ဦးသက်လင်း (ခရိုင်ပါတီ ဥက္ကဋ္ဌ)တို့က အမျိုးသမီးငယ်ရွယ် လူကုန်ကူးမှုတိုက်ဖျက်ရေး၊အမျိုးသမီးများဘဝ ဖွံ့ဖြိုး တိုးတက်ရေးများကို ဆွေးနွေးဟောပြောကြောင်းသိရသည်။

အခမ်းအနားသို့ မအူပင်ခရိုင်အတွင်းရှိ လေးမြို့နယ်မှ ရပ်ကွက်၊ ကျေးရွာပါတီဝင် အမျိုးသမီးရေးရာအဖွဲ့ဝင် (၁၇၆) ဦး တက်ရောက်ကြောင်း သိရသည်။

အောင်ခိုင်(မအူပင်)


Leave a Reply