ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း ပေါက်ခေါင်းမြို့ရှိ လေးမျက်နှာစေတီတော်၊ ဘိုးဘွာရိပ်သာနှင့် ဗုဗ္ဗာရုံဆုတောင်းပြည့်စေတီတော်တို့တွင် အလှူငွေများလှူဒါန်း

ပေါက်ခေါင်း မတ် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းသည် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပေါက်ခေါင်းမြို့ပေါ်ရှိ လေးမျက်နှာစေတီတော် မြတ်ကြီးအား ဖူးမြှော်ကန်တော့ပြီး စေတီ​တော်မြတ်ကြီးဝေယျာဝစ္စ အသုံးပြုရန်အတွက် အလှူငွေများ လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ ပေါက်ခေါင်းမြို့၊စမ်းကလေးကျေးရွာရှိ ဆည်းဆာရိပ်ငြိမ်ဘိုးဘွားရိပ်သာသို့သွားရောက်၍ ဘိုးဘွားများ အား ကန်တော့ခြင်း၊ ပညာသင်ကြားပေးခဲ့သော ဆရာ၊ ဆရာမအား ကန်တော့ခြင်း၊ ဘိုးဘွာရိပ်သာအတွက် ငွေပဒေသာပင်အလှူငွေများလှူဒါန်းပြီး၊ မြို့မိမြို့ဖများ၊မိတ်ဆွေဟောင်းများနှင့် တွေ့ဆုံကာ ဒေသအကျိုးပြု လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

ထိုမှတစ်ဆင့်ပေါက်ခေါင်းမြို့၊အမှတ်(၁)ရပ်ကွက်ရှိ ဗုဗ္ဗာရုံ ဆုတောင်းပြည့်လိုဏ်စေတီတော်အားဖူးမြှော်ပြီး ပုဗ္ဗာရုံဓမ္မရိပ်သာကျောင်း၊ ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓ(အစိုးရကမ္မဌာနာစရိယ)အား လှူဖွယ်ပစ္စည်းနှင့်နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်း၍ “ဖွား ပွင့် ဟော စံ”ပူဇော်ဆောက်လုပ်နေခြင်းအတွက် အလှူငွေများ လှူဒါန်းခဲ့ပါသည်။