ပေါက်ခေါင်းမြို့နယ်၊ ပါတီတာဝန်ရှိသူများ၊ ရပ်ကျေးစည်းမှူးများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိန်း တွေ့ဆုံ

ပေါက်ခေါင်း မတ် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းသည်(၂၄.၃.၂၀၂၃)ရက် နေ့လည် (၁၂:၃၀) နာရီတွင်ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါက်ခေါင်းမြို့နယ်၊ ပါတီရုံးအစည်းအဝေးခန်းမ၌ မြို့နယ်ပါတီ တာဝန်ရှိသူများ၊ ရပ်ကျေးစည်းမှူးများ၊ ပါတီဝန်ရံသူများ၊ မြို့မိမြို့ဖများ၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့များနှင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပါတီဒုတိယဥက္ကဋ္ဌမှ ယခုလိုလာရောက်ရခြင်းမှာ မျိုးဆက်သစ်များအတွက် ကောင်းသောအမွေ၊ ကောင်းသောအရာများကို ထားခဲ့လို၍ဖြစ်ကြောင်း၊လူငယ်များအတွက်ကောင်းမွန်သောလမ်းခင်းပေးရမည်၊

ထမ်းတင်ပေးရမည်ဖြစ်ကြောင်း ဦးစွာပထမ နှုတ်ခွန်း ဆက်စကားပြောကြားပါသည်။

၎င်းနောက် မြို့နယ်ပါတီတာဝန်ရှိသူများ၊ ရပ်ကျေးစည်းမှူးများ တင်ပြချက်ဖြစ်သော ဖွဲ့စည်းထားမှု့အနေအထား၊ စုဖွဲ့ထားရှိမှုအခြေအနေများ၊မြို့မိမြို့ဖများတင်ပြ ဆွေးနွေးသော ဒေသဖွံ့ဖြိုးရေးကိစ္စများ၊ လူငယ်နှင့်အမျိုးသမီးများ တင်ပြသော လူငယ်များအလုပ်အကိုင်အခွင့်အလမ်းကိစ္စများအပေါ် ပါတီဒုတိယဥက္ကဋ္ဌမှအသေး စိတ်သေချာစွာ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့သည်အမှန်သိမှအသိမှန်မည်၊ အသိမှန်မှအတွေးမှန်မည်၊အတွေးမှန်မှဆုံးဖြတ်ချက်မှန်မည် ဆုံးဖြတ်ချက်မှန် လုပ်ဆောင်မှုတွေမှန်ကန်မည် ဖြစ်ကြောင်း သို့ဖြစ်ပါ၍ အခြေအနေ အမှန်များကို တင်ပြရန်လိုကြောင်း၊အခြေအနေအမှန် မသိရင် ရှေ့ဆက်ရန် အဟန်အတားဖြစ်၍ခက်ခဲပြီးလိုရာခရီးကို မရောက်နိုင်ကြောင်း၊ ယခုလို တွေ့ဆုံရသည်ကို ဝမ်းသာမိပါကြောင်း၊ ယခုတင်ပြချက်များနှင့်စပ်လျဉ်းပြီး ထမ်မံတင်ပြစရာများရှိပါက ကိုယ်တိုင်လာရောက်၍ သော်လည်းကောင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌမှတစ်ဆင့်သော် လည်းကောင်း တင်ပြနိုင်ကြောင်း ပြောကြားကာ တွေ့ဆုံပွဲပြီးဆုံးခဲ့ပါသည်။