ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၆)ခရိုင်၊ မြို့နယ် (၁၄)မြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွန်း သည် ၂၄-၃-၂၀၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်မှ နေ့လည် ၁၂ နာရီအချိန်ထိ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ခရိုင် (၆)ခရိုင်၊ မြို့နယ် (၁၄)မြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ကြပြီး တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်များမှ ပါတီတာဝန်ရှိသူများက မိမိတာဝန်ယူဆောင်ရွက်နေသည့် ကဏ္ဍများအလိုက် မိတ်ဆက်စကားပြောကြားခဲ့ကြပြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ “နိုင်ငံသားတိုင်းသိသင့်သည့် နိုင်ငံအတွင်း အတိတ်၊ ပစ္စုပန်ကာလ သမိုင်းကြောင်းဖြစ်စဉ်များ၊ မိမိတို့သိရှိထားသည့် ဖြစ်စဥ်ဖြစ်ရပ်မှန်များအား  ပါတီဝင်များနှင့် ပြည်သူများပါ သိရှိနိုင်အောင် လုပ်ဆောင်ရန်အချက်များ၊ ပါတီမှ ဆောင်ရွက်နေသည့် စီမံချက်ပါ လုပ်ငန်းစဥ်များနှင့် ပါတီစည်းကမ်းထိန်းရေးဆိုင်ရာ အချက်အလက်များ” အား ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်များမှ ပါတီတာဝန်ရှိသူများက ဒေသတွင်းအခြေအနေများ၊ ဆောင်ရွက်နေသည့် ပါတီလုပ်ငန်းများအား တင်ပြခဲ့ကြပါသည်။ ၎င်းနောက် ဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်မှ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ အချက်အလက်များ အား ရှင်းလင်းပြောကြားခဲ့ပြီး ပါတီဒုတိယဥက္ကဋ္ဌမှ ခရိုင်/မြို့နယ်များ၏ တင်ပြချက်များအပေါ် ဖြည့်စွက်ရှင်းလင်း၍ နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားပြီးမြောက်ခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွန်းနှင့်အတူ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဒေါက်တာမောင်သင်း၊ ဦးတင့်လှိုင်မြင့်၊ မန္တလေးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင် (၆)ခရိုင်၊

မြို့နယ် (၁၄)မြို့နယ်မှ ပါတီတာဝန်ရှိသူများ အင်အားစုစုပေါင်း (၁၄၁) ဦး တက်ရောက်ခဲ့ပါသည်။