ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ကျောက်ဆည်ခရိုင်အတွင်းမှ First Time Voter များ၊ ပါတီဝင်ဟောင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူငယ်/အမျိုးသမီး ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွန်း သည် ၂၄-၃-၂၀၂၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ခရိုင်အတွင်းမှ First Time Voter များ၊ ပါတီဝင်ဟောင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူငယ်/အမျိုးသမီး ပါတီဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပါတီဒုတိယဥက္ကဋ္ဌမှ ” First Time Voter များ သိရှိသင့်သည့် အကြောင်းအရာ အချက်အလက်များ၊ ရွေးကောက်ပွဲ ဖြစ်စဉ်ဖြစ်ရပ်များ၊ ရွေးကောက်ပွဲစနစ်များ” အား အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းမှ ” PR စနစ်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ လူငယ်နှင့် ပညာရေးကဏ္ဍဆိုင်ရာ အချက်များ ” အားဆွေးနွေးတင်ပြခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသူများက ၎င်းတို့သိရှိလိုသည့် အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊  ဒေသတွင်းဖွံ့ဖြိုးရေးကိစ္စရပ်များ၊ PR စနစ်နှင့်ပတ်သက်သည့်အချက်များအား ဆွေးနွေးတင်ပြရာ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး တို့မှ တင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို ညနေ ၄ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွန်းနှင့်အတူ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဒေါက်တာမောင်သင်း၊ ဦးတင့်လှိုင်မြင့်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းမှ First Time Voter များ၊ ပါတီဝင်ဟောင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူငယ်/အမျိုးသမီး ပါတီဝင်များ စုစုပေါင်း (၂၆၁) ဦး တက်ရောက်ခဲ့ပါသည်။