လာမည့် ၂ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီး ၅ ခု၌ နေ့အပူချိန်များတိုးမည်

မြန်မာနိုင်ငံ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မတ် ၂၄ ရက်(ယနေ့)နံနက် ၇ နာရီက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ လာမည့် ၂ ရက်အတွင်း၌ ရန်ကုန်တိုင်း၊နေပြည်တော်၊မကွေးတိုင်း ၊ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ကြောင်း သိရသည်။
ထို့ပြင် ယနေ့ညနေအထိ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟုလည်း မိုးဇလကခန့်မှန်းထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၃ ပေမှ ၆ ပေခန့်အထိရှိမည့် လှိုင်းအနည်းငယ်မှလှိုင်းအသင့်အတင့်ရှိမည်ဟုလည်း မိုးဇလ၏ခန့်မှန်းချက်အရ သိရသည်။