ဘီးလင်းမြို့နယ် တောင်ကြီးကျေးရွာနှင့် တောင်စွန်းကျေးရွာတို့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လေးဦးဒဏ်ရာရရှိ

ဘီးလင်းမြို့နယ် တောင်ကြီးကျေးရွာနှင့် တောင်စွန်းကျေးရွာတို့တွင် ဧပြီလ ၁၆ ရက် မဟာသင်္ကြန်အတက်နေ့က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁ဝနှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်များမှာ ဧပြီလ ၁၆ ရက်နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က ဘီးလင်းမြို့နယ် တောင်ကြီးကျေးရွာအုပ်စု  ကေလာသတောင်ခြေရင်း တောင်ကြီးရေကူး ကန်အရှေ့ရှိ  တောင်ကြီး ဘိုးဘိုးနတ်နန်း အနီးတွင် မိုင်းပေါက်ကွဲဖြစ်ပွားခဲ့ကြောင်း နှင့်  ထိုမိုင်းပေါက်ကွဲမှုကြောင့် နတ်နန်းဘေးရှိ အုတ်တံတိုင်းပြိုကျပျက်စီးခဲ့ပြီး ဘုရားဖူးပြည် သူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ထိခိုက်ဒဏ်ရာ ရရှိခဲ့သူတွေကို တောင်စွန်းတိုက်နယ်ဆေး ရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရတယ်။ ဒဏ် ရာတွေတော့ သိပ်မပြင်းထန်ကြဘူးလို့ သိရ တယ်”ဟု ပြောကြားသည်။

အလားတူ ဧပြီလ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲဝန်းကျင်အချိန်ခန့်ကလည်း တောင် စွန်း ကျေးရွာ၊ မြို့မရပ်ကွက်ရှိ ပန်းခြံအနီးတွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ ထိုမိုင်း ပေါက်ကွဲ မှုကြောင့် ၁၀ နှစ်အရွယ်ကလေး ငယ်တစ်ဦး၏ လက်တွင် မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ပန်းခြံ မုခ်ဦး အဝင်ဝနှင့် အုတ်တံတိုင်း ပြိုကျပျက်စီးခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။ #Eleven