လီဆူးတိုင်းရင်းသားရပ်မိရပ်ဖများနှင့် တွေ့ဆုံ

နမ့်စန် မတ် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံဖြိုးရေးပါတီ အတွင်းရေးမှူး ဦးလင်းအောင်ဆွေ သည် နမ့်စန်မြိုနယ် ကျေးလက်အင်္ဂျင်နီယာမှူး ဦးဇော်မျိုးလွင် နှင့် အတူ နမ့်စန်ကျေးရွာအုပ်စု ၊ လွယ်ကုန်းကျေးရွာ ဘက်စုံသုံးခန်းမအား ၊ မြစိမ်းရောင် နှင့် လူထုထည့်ဝင်ငွေဖြင့် တည်ဆောက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ ပြီး၊ ကျေးရွာစည်းမှူး ဦးတင်စိုး နေအိမ်တွင် ရပ်မိရပ်ဖလီဆူတိုင်းရင်းသား ခေါင်းဆောင်များ နှင့် တွေ့ဆုံ၍ ပါတီလုပ်ငန်းဆောင်ရွက်မှု နှင့် ( ၂၀၂၃ ) ခုနှစ် ရွေးကောက်ပွဲ အခြေအနေများအား ရှင်းလင်းပြီး ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဆွေးနွေးညှိနှိင်းခဲ့ပါသည်။