တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

မိတ္ထီလာ မတ် ၁၅

၁၅-၃-၂၀၂၃ ရက်နေ့ ၁၃:၀၀မှ၁၅:၀၀ အချိန်ထိ မိတ္ထီလာမြိုနယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမြင့်ဆန်းနှင့် ကော်မတီဝင်များသည် မိတ္ထီလာမြိုနယ်၊ကွက်ငယ်အုပ်စု၊ကြာကန်ကျေးရွာသိုသွားရောက်ပြီး ကြာကန်ကျေးရွာမှ စီမံကိန်း၊အထူးမိုးကြိုဝါ (၇၁)ဧက စိုက်ပျိုးမည့်တောင်သူများနှင့်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် မြိုနယ်ပါတီဥက္ကဌ ဦးမြင့်ဆန်းက ပြည်ခိုင်ဖြိုးပါတီ၏ တောင်သူလယ်သမားရေးရာ မူဝါဒသဘောထားများအား ရှင်းလင်းပြောကြားခဲ့ပြီး စီမံကိန်း၊အထူးမိုးကြိုဝါ စိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုအပ်သည်များကူညီပံပိုးပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ရာ ဝါစိုက်တောင်သူများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။