မြို့နယ်ပြည်ခိုင်ဖြိုးပါတီနာယက အထက(၁)ကျောင်းသို့ ငွေလှူဒါန်း

 

မအူပင် ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများနှင့် ထူးချွန်အောင်သင်ကြားပေးသော ဆရာဆရာမများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်း သားကျောင်းသူလေးများမှ သီ ချင်းသီဆိုခြင်း၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနာယက၊ အေဝမ်း ကုမ္ပဏီများအုပ်စုဥက္ကဋ္ဌ စည်သူ ဝဏ္ဏကျော်ထင် ဦးရန်ဝင်း(တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဟောင်း)က ဂုဏ်ပြုအမှာ စကားပြောကြားခြင်း၊ အထက (၁)ကျောင်း၏ ကျောင်းအကျိုး တော်ဆောင်ဥက္ကဋ္ဌ ဦးလှမြင့်တင် နှင့် ကျောင်းအုပ်ဆရာကြီး ဦးသိန်း ထွန်းတို့က အမှာစကားအသီးသီး ပြောကြားခြင်း၊ ထူးချွန်စွာအောင် မြင်ခဲ့သော ကျောင်းသားကျောင်း သူများနှင့် ထူးချွန်အောင်သင်ကြား ပေးခဲ့ကြသောဆရာဆရာမများအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်းပြုလုပ်ပြီး မြို့နယ်ပြည်ခိုင်ဖြိုးပါတီနာယက ဦးရန်ဝင်းက အထက(၁)ကျောင်း ပညာရည်ချွန်ဆုပေးပွဲအတွက် အလှူငွေကျပ် ၂၅ သိန်းလှူဒါန်း ရာ ကျောင်းအုပ်ဆရာကြီး ဦးသိန်း ထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာပြန် လည်ပေးအပ်ခဲ့ခြင်းများ ဆောင် ရွက်ခဲ့သည်။

အခမ်းအနားသို့ မအူပင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီနာယက အေဝမ်းကုမ္ပဏီများဥက္ကဋ္ဌ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဟောင်း စည်သူဝဏ္ဏကျော် ထင်ဦးရန်ဝင်း၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစော သောင်းဒန်နှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ ကျောင်းအကျိုး တော်ဆောင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာဆရာမ များ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။

ဖြိုးမောင်ဇော်(မအူပင်)