ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ သင်္ဃန်းကျွန်းမြို့နယ်​ ရပ်​ကွက်​ဥက္ကဌနှင့်​ ​ကော်​မတီဝင်​များ တာဝန်​​ပေးအပ်​ပွဲ

 

အခမ်းအနားကို (၁၈-၃-၂၀၁၈)​ ရက်​ တနင်္ဂ​နွေ​နေ့ နံနက်​ (၉) နာရီတွင်​ မြို့နယ်​ရုံးခန်းမ၌ ကျ င်းပရာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟို​ကော်​မတီဝင်​ ရန်​ကုန်​​တိုင်းပါတီ​ကော်​မတီဝင်​ ဦးတင်​လှိုင်၊ ​အ​ရှေ့ပိုင်း ခရိုင်အတွင်း​ရေးမှူး ​ဒေါ်ဇာခြည်​လင်း၊ ခရိုင်​​ကော်​မတီဝင်​ ဦးနိုင်​​အောင်​၊(နယ်​​မြေတာဝန်​ခံ) ခရိုင်​​ကော်​မတီဝင်​ ဦးမျိုးဝင်း​ကျော်​၊ မြို့နယ်​​ဥက္ကဌ ဦး​အောင်​မြတ်​​ဇော်နှင့်​ ​ကော်​မတီဝင်​များ ရပ်​ကွက်​အသီးသီးမှ ဥက္ကဌများနှင့်
ကော်​မတီဝင်​များ၊ အမာခံပါတီဝင်​နှင်​ လူငယ်​များ စုစု​ပေါင်းအင်​အား (၂၁၅) ဦး တက်​​ရောက်​ခဲ့ကြပြီး တိုင်း​ကော်​မတီဝင် ဦးတင်​လှိုင်​မှ အမှာစကား​ပြောကြားကာ ခရိုင်​အတွင်း​ရေးမှူး ​ဒေါ်ဇာခြည်​လင်းမှ ရပ်​ကွက်​ဥက္ကဌတာဝန်​​ပေးအပ်​လွှာကို ​ပေးအပ်​ရာ ရပ်​ကွက်​များကိုယ်​စား (င/ခ) ရပ်​ကွက်​ဥက္ကဌ ဦးဝင်းမြင့်​က လက်​ခံရယူပြီး ရပ်​ကွက်​အားလုံး၏ကိုယ်​စား
(သု/၂၄) ရပ်​ကွက်​ဥက္ကဌ ဦး​ပြေသိမ်း​မှ ​ကျေးဇူးတင်​စကားပြန်လည်​ ​ပြောကြားကာ အခမ်းအနားကို နံနက်​ (၁၀:၄၅) တွင်​​ ​အောင်​မြင်​စွာပြီးဆုံးခဲ့သည်​။

#ကိုကြီးဇော်(သင်္ဃန်းကျွန်း)