ပီအက်စ်ဂျီရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်လိုက်တဲ့ ဘာပေ

ပီအက်စ်ဂျီရဲ့ သမိုင်းမှာ ဂိုးအများဆုံးသွင်းယူသူအဖြစ် စံချိန်တင်နိုင်ခဲ့ပြီးနောက်မှာ နောက်ထပ် အောင်မြင်အောင် လုပ်ဆောင်ရမှာတွေ အများကြီး ရှိသေးတယ်လို့ အမ်ဘက်ပေ က ပြောကြားလိုက်ပါတယ်။

ကာဗာနီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ သူ့အတွက် ၂၀၁ ဂိုးမြောက် ပီအက်စ်ဂျီ ဂိုးကို နန့်စ် ကို ၄-၂ ဂိုး နဲ့ နိုင်တဲ့ ပွဲရဲ့ အချိန်ပိုမှာ အမ်ဘက်ပေ က သွင်းယူခဲ့တာဖြစ်ပါတယ်။ ၂၄၇ ပွဲမြောက်ပွဲမှာ အဲဒီ စံချိန်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

“ ကျွန်တော်က  သမိုင်းရေးဖို့ ကစားနေတာဖြစ်ပြီး ကျွန်တော်မွေးဖွားရာနိုင်ငံ ပြင်သစ် ကျွန်တော်မွေးရပ်မြေ ပါရီမှာပဲ သမိုင်း ရေးထိုးချင်ခဲ့တာပါ။ ဒါက ကြီးကျယ်ပါတယ်။ လုပ်စရာတွေလည်း အများကြီး ရှိပါသေးတယ်” လို့ အသက် ၂၄ နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူးက ပြောပါတယ်။ နိုင်ပွဲနဲ့အတူ ပီအက်စ်ဂျီ က လီဂူးဝမ်း ကို ၁၁ မှတ် ဖြတ်ပြီး ဦးဆောင်နေပါတယ်။ -Ref: Livescore