မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အိမ်ရာစီမံကိန်းအသစ်အတွက် လူငယ်လုပ်သားများကို စုဝေးခေါ်ယူ

မြောက်ကိုရီးယားတွင် စီးပွားရေးအခက်အခဲများ ပိုမိုဆိုးရွားနေသည့်တိုင် မြို့တော် ပြုံယမ်းတွင် လူနေအိမ်ပေါင်း ၅၀၀၀၀ တည်ဆောက်မည့် ရည်မှန်းချက်ကြီးသည့် အစီအစဉ်ကို ခေါင်းဆောင်ကင်ဂျုံအွန်က တွန်းအားပေး လုပ်ဆောင်နေချိန်တွင် ပြုံယမ်း၌ ယင်း အိမ်ရာစီမံကိန်းအသစ်ကို စတင်လုပ်ဆောင် ရန် ကင်က လူငယ် လုပ်သားများကို စုဝေးခေါ် ယူခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာ KCNA သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။ ကင်သည် ထောင်နှင့်ချီသည့် လူငယ် လုပ်သားများနှင့်အတူ ဖေဖော်ဝါရီ ၂၅ ရက် က ပြုံယမ်းမြို့တော်၏ ဆိုပိုဒေသတွင် ဆောက်လုပ်ရေးပရောဂျက်အတွက် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ သည်ဟု KCNA က ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ်က ကင်သည် ပြုံယမ်းမြို့ တော်အတွင်း လူနေအိမ်ပေါင်း ၅၀၀၀၀ ကို ၂၀၂၅ ခုနှစ်တွင် ဆောက်လုပ်သွားမည့် အစီ အစဉ်ကို ထုတ်ဖော်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က အထပ် ၈၀ မြင့်သည့် မိုးမျှော်အဆောက်အအုံ  တစ်ခုအပါအဝင် တိုက်ခန်းအသစ်ပေါင်း ၁၀၀၀၀ ကို ပထမဆုံး အပြီးသတ်ဆောက်လုပ် ခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားသည် COVID-19 ကပ်ရောဂါကြောင့် လော့ဒေါင်းချမှတ်မှုများ၊ ကျေးလက်ဒေသ အချို့တွင် ငတ်မွတ်ခေါင်း ပါးမှုကြောင့် မကြာသေးမီက လူသေဆုံးမှုများ  မြင့်တက်မှုအပါအဝင် ၎င်း၏ လက်နက်စီမံ ကိန်းများကြောင့် ပိတ်ဆို့မှုများချမှတ်ခံခဲ့ရသ ဖြင့် နိုင်ငံအတွင်း စားနပ်ရိက္ခာအကျပ်အ တည်း ပိုမိုဆိုးရွား လာသည်ဟု တောင်ကိုရီးယားက သတိပေးခဲ့ပြီးနောက် ယင်းအိမ်ရာစီမံကိန်းအစီအစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးသည် မည်သည့် စားနပ် ရိက္ခာပြတ်လပ်မှုကိုမျှ အတည်ပြုခဲ့ခြင်းမရှိ သော်လည်း အာဏာရပါတီသည် ဖေဖော်ဝါ ရီလကုန်တွင် အလွန်အရေးကြီးသည့် လုပ် ငန်းတာဝန်တစ်ခုဟု ပြောဆိထားသည့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍ တိုးတက်ရေးကို ဆွေးနွေးရန် အစည်းအဝေးတစ်ခု စီစဉ်ခဲ့သည်။

အိမ်ရာစီမံကိန်းများသည် မကြုံစဖူး ပြင်းထန်သည့် စိန်ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု ကင်က ပြောကြားခဲ့သည်။ ကင် သည် အရင်းအမြစ်ပြတ်လပ်မှုများ ရှိနေသည့် ကြားမှ တိုးတက်မှုနှေးကွေးသည့် အခြေအနေများဖြင့် မကြာခဏ ရင်ဆိုင်ခဲ့ရသည့် ၎င်း၏  အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် လူငယ်လုပ်သားများကို စုဝေးခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ယင်းအခြေခံအဆောက်အအုံစီမံကိန်းတွင် ဆမ်ဂျီယွန်မြို့ မြောက်ပိုင်း တောင်တန်း ဒေသ၌ ကြီးမားသည့် အိမ်ရာစီမံကိန်းတစ်ခုလည်း ပါဝင်ခဲ့သည်။

ဆိုပိုဒေသတွင် လူနေအိမ်ပေါင်း ၄၁၀၀ နှင့်အတူ ကွဲပြားခြားနားသည့် လမ်းတစ်လမ်း ဖန်တီးရန် ရည်ရွယ်ထားပြီး မကြာသေးမီကလည်း တိုက်ခန်းပေါင်း ၁၀၀၀၀ တည်ဆောက်ခဲ့ကာ အိမ်ရာစီမံကိန်းအတွက် စေတနာ့ဝန်ထမ်း အဖြစ် ပါဝင်ခဲ့ကြသည့် လူငယ်လုပ်သား ၁၀၀၀၀၀ ကို ကျေးဇူးတင်ကြောင်း ကင်က ပြောကြားခဲ့သည်။

အိမ်ရာစီမံကိန်းအသစ်သည် လူငယ် လှုပ် ရှားမှုသမိုင်းတွင် နောက်ထပ် ဂုဏ်ယူစရာ စာမျက်နှာတစ်ခုဖြစ်ပြီး နိုင်ငံ၏ ဆိုရှယ် လစ်တော်လှန်ရေးနှင့် နိုင်ငံရေး ရုန်းကန်မှု၏ သင်္ကေတတစ်ခုဖြစ်သည်ဟု ကင်က ပြောကြားခဲ့သည်။

“ဒီလမ်းပေါ်က ကွဲပြားခြားနားမှုရှိတဲ့ ဗိသုကာပညာတွေဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အဆင့်အတန်းနဲ့ လျင်မြန်စွာ ဖွဲ့ဖြိုးတိုးတက်မှုကို ပြသရာရောက်ပါလိမ့်မယ်”ဟု ကင်က ပြောကြားခဲ့သည်။

ယင်းအခမ်းအနားကို မကြာသေးမီက ပွဲအခမ်းအနားများတွင် ၎င်းနှင့်အတူ တက်ရောက်ခဲ့သည့် ကင်၏ သမီးဖြစ်သူ ကင်ဂျူအဲ လည်း တက်ရောက်ခဲ့သည်။