ကမ္ဘာလှည့်ဖျော်ဖြေနေသည့် Blackpink အဖွဲ့က လီဆာ၏မွေးရပ် ဘန်ကောက်တွင် ရှိုးပွဲနှစ်ခုထပ်တိုး

လီဆာ၏မွေးရပ်မြို့ ဘန်ကောက်တွင် Blackpink အဖွဲ့က ရှိုးပွဲနှစ်ခုထပ်တိုးထားကြောင်း YG Entertainment အေဂျင်စီက ကြေညာထားသည်။ လက်ရှိ Blackpink က အာရှတွင်လှည့်လည်ဖျော်ဖြေလျက်ရှိပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မေ ၂၇-၂၈ ရက်များ၌ ထပ်မံဖျော်ဖြေပေးမည်ဖြစ်သည်။

Born Pink ကမ္ဘာလှည့်ဖျော်ဖြေမှုတစ် စိတ်တစ်ပိုင်းအဖြစ် ၎င်းအဖွဲ့က ဘန်ကောက်တွင် ဇန်နဝါရီလက ဖျော်ဖြေပြီးပြီဖြစ်ပြီး ထို စဉ်က ဇာတိမြို့မှပရိသတ်များနှင့် ပြန်ဆုံမည်ဟု အဖွဲ့ဝင်လီဆာက ကတိပေးခဲ့သည်။

မေရှိုးပွဲကို ထိုင်း၏အကြီးဆုံးဖျော်ဖြေရုံဖြစ်သည့် ရာဂျာမန်ဂလာအားကစားရုံတွင်  ကျင်းပမည်ဖြစ်သည်။ ထိုနေရာတွင် လေဒီဂါဂါ ၊ One Direction ၊ Coldplay စသည့် နာမည်ကျော်အဆိုတော်များလည်း ဖျော်ဖြေခဲ့ဖူးသည်။ Blackpink သည် အမေရိကန်တွင်   ဧပြီလအတွင်းကျင်းပမည့် ကိုချယ်လာဂီတပွဲတော်တွင်လည်း ပါဝင် ဖျော်ဖြေမည်။