ဆန်းသစ်သော Features များ ပါဝင်မည့် vivo Y22 အသစ်အား မကြာမီ မိတ်ဆက်မည်

ဈေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် ဈေးသက်သာကာ လူငယ်ဆန်ပြီး နည်းပညာစိတ်ဝင်စားသော အသုံးပြုသူများအတွက် vivo Y22 Y စီးရီးအသစ်အား မကြာမီ မိတ်ဆက်သွားမည်ဟု သိရသည်။

အဆိုပါ vivo Y22 သည် စွမ်းဆောင်ရည်မြင့်မားသော ပရီမီယံအင်္ဂါရပ်များ ပါဝင်လာနိုင်ပြီး အသုံးပြုသူများ၏ နှစ်သက်အားပေးမှု ရရှိလေ့ရှိသော မျိုးဆက်သစ် Y စီးရီး ဖြစ်လာမည်ဟု vivoက ယုံကြည်ထားသည်။

မကြာမီ မိတ်ဆက်မည့် vivo Y22 တွင် အာရုံခံကိရိယာပါရှိသော 50MP ကျောဘက်ကင်မရာ၊ 8MP HD ရှေ့ကင်မရာ နှင့် Video Face Beauty တို့ ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။

vivo Y22 တွင် လူငယ်များအတွက် တီထွင်ဖန်တီးမှု အားကောင်းကောင်း နှင့် ရင်သပ်ရှုမောဖွယ် ရိုက်ချက်များကို ရိုက်ကူးနိုင်မှာ ဖြစ်ကြောင်း၊ Y22 ၏ ကင်မရာပိုင်း တွင် MediaTek Helio G85 ပရိုဆက်ဆာဖြင့် ပံ့ပိုးပေးထားပြီး ဘက်စုံလုပ်ဆောင်ချက်များနှင့်ဂိမ်းကစားခြင်းတို့အား နှေးကွေးမှုမရှိရန် ထောက်ပံပေးထား‌ကြောင်း သိရသည်။

ဒါ့ပြင် လက်ဗွေရာဖတ်စနစ် Side Fingerprint ဒီဇိုင်း ဖြစ် ပါဝါခလုတ်နေရာတွင် ပေါင်းစပ်ပါဝင်သောကြောင့် သက်သောင့်သက်သာလွယ်ကူစွာ အသုံးပြုနိုင်မှာဖြစ်ကြောင်း၊  Y22 သည် ပေါ့ပါးလှပသောဒီဇိုင်းဖြစ် 2.5D Curvature ထည့်သွင်းထား‌ကြောင်း သိရသည်။

vivo အနေဖြင့် ယခု Y22 သည် vivo ၏ နောက်ထပ် ပြောင်မြောက်သောထုတ်လုပ်မှုတစ်ခု ဖြစ်လာရန် ရည်ရွယ်ထားပြီး ခေတ်မီ Minimalism ဒီဇိုင်းများအား ကြိုက်နှစ်သက်သော ပရိသတ်များအတွက် vivo Y22 အရောင်များသည် ပြီးပြည့်စုံခြင်း ၊ တောက်ပခြင်းနှင့် အနာဂတ်ဆန်ခြင်းတို့ကြောင့် အသုံးပြုသူများကြား စိတ်လှုပ်ရှားစရာ ဖြစ်လာရန် မျှော်လင့်ထားသည်။