ကလောပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး

ကလော ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် မြို့နယ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ပြီး ၊ ပါတီဝင်အင်အား စိစစ်ခြင်းများအား အရှိန်အဟုန်မပျက် စိစစ်ဆောင်ရွက်ရန်၊ ကျစ်လစ်ခိုင်မာသောပါတီဝင်လူငယ်များ ရရှိရေးကို အထူးဦးစားပေး ဆောင်ရွက်ကြရန် ဆွေးနွေးညှိနှိုင်းကြပါသည်။