ချမ်းအေးသာစံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်းဖွင့်

 

မန္တလေး မတ် ၂၂

မန္တလေးတိုင်းဒေသကြီးမန္တလေး ခရိုင် ချမ်းအေးသာစံမြို့နယ် ပြည် ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ တွင် ယနေ့နံနက် ၉နာရီကချမ်းအေး သာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးစီမံ ခန့်ခွဲမှု (ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်မန္တလေးတိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

အခမ်းအနားအား နိုင်ငံတော် သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဝင်းမောင်နှင့်မန္တလေး ခရိုင်နယ်မြေတာဝန်ခံတိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးမျိုးမြင့်ကအဖွင့် အမှာစကားများအသီးသီးပြောကြား ခဲ့သည်။

မြို့နယ် ပါတီအတွင်းရေးမှူး ဦးသန်းထွန်းက သင်တန်းဖွင့်လှစ်ရ ခြင်းရည်ရွယ်ချက်နှင့် သင်တန်း စည်းမျဉ်း၊စည်းကမ်းများကို ရှင်း လင်းပြောကြားခဲ့ရာ သင်တန်းအား စတင်ပို့ချခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း မောင်နှင့်အတူ မန္တလေးတိုင်း ဒေသကြီး ပါတီကော်မတီဝင်များ ဖြစ်ကြသော ဦးမျိုးမြင့်နှင့် ဦးကျော် စန်း၊ မန္တလေးခရိုင်ပါတီ ဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်အတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်နှင့် ခရိုင်ပါတီကော် မတီဝင်များ၊ ချမ်းအေးသာစံမြို့နယ် ပါတီဥက္ကဋ္ဌကျော်ကျော်ဌေး၊မြို့နယ် အတွင်းရေးမှူး ဦးသန်းထွန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သင်တန်းနည်းပြဆရာများ၊သင်တန်း သားများအပါအဝင် စုစုပေါင်းအင် အား ၁၁ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပါတီဖွဲ့ စည်းပုံ အခြေခံစည်းမျဉ်း၊ လူထု ဟောပြောမှု၊ နိုင်ငံတကာရေးရာ၊ နိုင်ငံတော်၏စီးပွားရေး၊ စီမံခန့် ခွဲမှုနှင့် ခေါင်းဆောင်မှု၊ ပါတီ စည်းရုံးရေးနှင့် ရှေ့လုပ်ငန်းစဉ် အစရှိသော ဘာသာရပ်များကို ပို့ချ သွားမည်ဖြစ်ကာ သင်တန်းကာလ မှာ ယခုလ ၂၂ရက်မှ ၂၃ ရက် အထိဖြစ်ပြီး သင်တန်းသို့ အောင် မြေသာစံမြို့နယ်အတွင်းမှရပ်/ကျေး ဥက္ကဋ္ဌများအပါအဝင်သင်တန်းသား စုစုပေါင်း ၁ဝဝ တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိ ရသည်။

မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီသည် ပါတီဗဟို၏ လမ်းညွှန်ချက်များနှင့်အညီ ပါတီ ဗဟိုမှပို့ချခဲ့သော သင်တန်းများ တွင် တက်ရောက်သင်ကြားခဲ့ သည့် သင်တန်းဆင်းများမှ သက် ဆိုင်ရာနယ်မြေများအလိုက်ဆင့်ပွား သင်တန်းများပြန်လည် ပို့ချ၍ အဆင့်ဆင့်သောပါတီကော်မတီဝင် များ၏အရည်အချင်းများ တိုးတက် မြင့်မားလာပြီး အနာဂတ်ကာလ တွင် အရည်အသွေးမြင့်မားသော ခေါင်းဆောင်ကောင်းများဖြစ်လာ ရန်အတွက် သင်တန်းများအား စဉ် ဆက်မပြတ်ပို့ချကာ လေ့ကျင့်ပျိုး ထောင်လျက်ရှိကြောင်း သိရသည်။

သုတ(မန္တလေး)