မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူ

 

မြစ်ကြီးနား မတ် ၂၂

ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ရွှေမိုးတောင်တော် ရဟန္တာ တစ်ထောင် ရှင်ပင်မြတ်စွာဆုတောင်းပြည့်စေတီတော်ကြီး၏ ဘုရား အနေကဇာတင် သံဃာတော် ၁ဝ၈ ပါး ဆွမ်းဆန်တော်လောင်းလှူ ပွဲကို ယင်းစေတီတော်ကြီးရင်ပြင်၌ ယမန်နေ့ နံနက် ၉နာရီတွင် ကျင်းပခဲ့သည်။

ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော် ကြီး၏ ဘုရားအနေကဇာတင်ဆွမ်းဆန်တော်လောင်းလှူပွဲသို့ ကချင် ပြည်နယ် သံဃနာယကအကျိုးတော်ဆောင် ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တကေတုမာလာအမှူးပြုသော သံဃာတော်များကြွ ရောက်တော်မူကြပြီး ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်း ပြည့်စေတီတော်ကြီး၏ ဘုရားအနေကဇာတင်ပြီးနောက် သံဃာ တော် ၁ဝ၈ပါး ဆွမ်းဆန်တော်လောင်းလှူပွဲကို ယင်းစေတီတော်ကြီး ရင်ပြင်၌ တစ်ဆက်တည်းကျင်းပခဲ့သည်။

အဆိုပါဆွမ်းဆန်တော်လောင်းလှူပွဲတွင် မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ ဝိုင်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ မြစ်ကြီးနား ခရိုင် ပြည်ခိုင်ဖြိုးပါတီ၊ ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီတို့မှ ဆွမ်း ဆန်တော်နှင့်အတူ အခြားလှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြသည်။

EPN