နယ်မြေကွင်းဆင်း၍ PR စနစ်အကြောင်း ရှင်းလင်းဆွေးနွေး

ညောင်ရွှေ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အတွင်းရေးမှူး ဦးစံဝင်း ၊ ကလောခရိုင်ပါတီကော်မတီဝင် ဒေါ်ကြည်ခိုင်ဝင်း ၊ မြို့နယ်ကော်မတီဝင် ဦးအောင်ထွန်းလင်း နှင့် အင်းခြံ / ကေလာကျေးရွာအုပ်စု ဥက္ကဌ ဦးစိုးဝင်း တို့သည် ကေလာရွာ၌ နေထိုင်သော မြို့နယ်အတွင်းရေးမှူး ဦးစံဝင်း အိမ်တွင် ရပ်မိရပ်ဖများ၊ ပါတီဝင်များ ၊ ပါတီမိတ်ဆွေများ ၊ လူငယ်များ ၊ အမျိုးသမီးများအား တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ ( PR ) စနစ်ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။