အဘိဓဇမဟာရဌဂုရု အင်းစိန်ရွာမဆရာတော်ဘုရားကြီးဘဒန္တတိလောကာဘိဝံသ၏ (၈၄)နှစ်မြောက်မွေးနေ့မင်္ဂလာ ကုသိုလ်တော်အခမ်းအနားအားပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌတက်ရောက်ပူဇော်

ရန်ကုန်၊ဖေဖေါ်ဝါရီ၊၁၉ရက်

ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊ အင်းစိန်ရွာမကျောင်းတိုက်၊ စိန်ရတုဿသနာဝင်ဗိမာန်ခန်းမတော်ကြီးတွင် ကျင်းပ ပြုလုပ်သောအဘိဓဇမဟာရဌဂုရု အင်းစိန်ရွာမဆရာတော်ဘုရားကြီးဘဒန္တတိလောကာဘိဝံသ၏ (၈၄) နှစ်မြောက် မွေးနေ့မင်္ဂလာကုသိုလ်တော်အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပူဇော်ခဲ့ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုဒုတိယဥက္ကဌ ဦးမျိုးဇော်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုးနှင့် ကော်မတီဝင်များ၊ အင်းစိန်ခရိုင်ဥက္ကဌဦးမင်းသူထွန်း တို့တက်ရောက်ခဲ့ကြသည်။

အဆိုပါမွေးနေ့မင်္ဂလာ ပူဇော်ပွဲအားအခမ်းအနားအစီအစဉ်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပထမဦးစွာ ဆရာတော် ဘုရားကြီးသည်  စိန်ရတုဿသနာဝင်ဗိမာန်ခန်းမတော် ကြီးသို့ကြွရောက်တော်မူရာဧည့်ပရိတ်သတ်အပေါင်းတို့က လက်စုံမိုး၍ ဦးခိုက်ပူဇော်ကြသည်။

ထို့နောက်အခမ်းအနားမှူးဆရာတော်ကအခမ်းအနားအစီအစဉ်အား ဖတ်ကြားပြီး အစီအစဉ်အရ မြစေတီ ရဲကျောင်း ဆရာတော်ဘန္တဒဝိမလဗုဒ္ဓိအရှင်သူမြတ်မှ ဧည့်ပရိတ်သတ်တို့အား (၈)ပါးသီလနာယူစေပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်ညွှန့်ဝင်းဆွေကလှူဖွယ်ပစ္စည်းဆက်ကပ်လှူဒါန်း၍ အလှူတော်ငွေသိန်း(၃၀)ကျပ် လှူဒါန်သည်။

ထို့နောက်ဆရာတော်ကြီးမွေးနေ့မင်္ဂလာအလှူအတွက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုဒုတိယဥက္ကဌ ဦးမျိုးဇော်သိန်းမှအလှူငွေသိန်း(၃၀)ကျပ်အား ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေက လက်ခံရယူခဲ့သည်။ ဆက်လက်၍အလှူရှင်အသီးသီးကအလှူငွေများ လှူဒါန်းပါသည်။ ထို့နောက် အင်းစိန်ရွာမဆရာတော်ဘုရားကြီးမှ ပရိတ်တရားတော်များချီး မြှင့်ခဲ့ပြီး တပည့်ဒါယိကာ/ ဒါယိကာမများက လှူဖွယ်ပစ္စည်းများနှင့်အလှူငွေများဆက်ကပ်လှူဒါန်းခဲ့ပါသည်။

၎င်းနောက်မွေးနေ့ပူဇာ ရတုဘွဲ့တေးသီချင်းများဖြင့်ပူဇော်ခြင်း၊ ဆရာတော်ဘုရားကြီးမှ တပည့်ရဟန်းသံဃာတို့အား ဆုများချီးမြှင့်ခြင်း၊ သြဝါဒကထာမြွတ်ကြွားဟောကြားခြင်းနှင့် အလှူအစုစုတို့အား ရေစက်သွန်းချအမျှဝေကာ “ဗုဒ္ဓသာသနံ စိရံတိဌတု”(၃)ကြိမ် ရွတ်ဆို၍ မွေးနေ့မင်္ဂလာကိုအောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။