နတ်တလင်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ခရိုင်နှင့်မြို့နယ်ကော်မတီများတွေ့ဆုံ

 

နတ်တလင်း ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမ၌ ယခုလ ၃ ရက် ညနေ ၄ နာရီက တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌ ဦးအောင်ချိုဦး(ဗဟိုပါတီ ကော်မတီဝင်)၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးကျော်ကျော် လင်း၊ ကော်မတီဝင် ဦးကျော်ဝင်း အဖွဲ့တို့ ရောက်ရှိလာပြီး မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌဦးတင့်လွင်၊အတွင်း ရေးမှူး ဦးမြစိုးနှင့် ပါတီကော်မတီ ဝင်များ တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲတွင် ဦးအောင်ချိုဦး နှင့်အဖွဲ့က ပါတီ၏ရှေ့လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ လုပ်ဆောင် သွားကြရမည့် အကြောင်းအရာ များကိုပြောကြားပြီး မြို့နယ်ပါတီ ကော်မတီမှ မရှင်းလင်းသည်များ ကို မေးမြန်းခြင်း၊ ပြန်လည်ရှင်း လင်းပြောကြားခြင်းများ ဆွေးနွေး ကြရာ ညနေ ၅ နာရီခွဲတွင် ပြီးစီး သွားကြောင်း သိရသည်။

တင်မြင့်(နတ်တလင်း)