ပြည်ခိုင်ဖြိုးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့်မန္တလေးတိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

 (၁၉-၂-၂၀၂၃)ရက်နေ့ (၀၉:၃၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့်မန္တလေးတိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး ဗဟိုအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးမှ ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလ( ၁၄၊၁၅၊၁၆ )ရက် နေ့များတွင် ပါတီဗဟိုဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သော ဗဟိုအလုပ်အမှုဆောင်ကော်မတီသုံးလတစ်ကြိမ် စုံညီ အစည်းအဝေး(၂/၂၀၂၃)မှ ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များချမှတ်ခဲ့ကြောင်း၊ ပါတီကော်မတီ အဆင့်ဆင့်အနေဖြင့် စည်းလုံးညီညွတ်မှုရှိခြင်း၊ အင်အားကြီးမားခြင်း၊ တိကျပြတ်သားမှုရှိခြင်း၊ သစ္စာရှိခြင်း၊ ပြည်သူလူထုမှ ယုံကြည်အားကိုးရသည့် ပါတီဖြစ်ခြင်း စသည့်အချက်များနှင့်ပြည့်စုံသော SMART Party ဖြစ်ရေး ကြိုးစားဆောက်ရွက်ကြရန်၊ဒုတိယ(၃)လပတ်၊ရက်(၉၀)စီမံချက်ကာလအဖြစ် ၂၀၂၃ ခုနှစ်၊ မတ်လ(၁)ရက်နေ့မ ှမေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး စီမံချက်ပါလုပ်ငန်းစဉ်များ ဆောင်ရွက်သွားကြရန်၊ ပါတီဝင်အင်အား စီစစ်ခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်သွားရန်နှင့် ပါတီဝင်အင်အား တိုးပွားရေးအတွက်လည်း စည်းရုံး ဆောင်ရွက်သွားရန်၊ ပါတီဗဟိုဌာနချုပ်မှလမ်းညွှန်ထားသော အသွင်သစ်ဖြင့် ဆက်ဆံရေးလုပ်ငန်းစဉ်များ၊ တန်းတူရည်တူ ဆက်ဆံရေးလုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် ပါတီဝင်အင်အားများ စနစ်တကျ ဖြစ်စေရေးအတွက် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းက PR စနစ်နှင့်ပတ်သက်၍ သုတေသနပြု လုပ်ဆောင်ရွက်နေမှုများ၊ ရွေးကောက်ပွဲများနှင့်ပတ်သက်၍ သုတေသနပြုလုပ်ဆောင်ရွက်နေမှုများအား ရှင်းလင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းမှုအပေါ် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ပြန်လည်ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး (၁၂:၃၀)အချိန်တွင် တွေ့ဆုံပွဲပြီးစီးခဲ့ပါသည်။

ယနေ့ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲသို ပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီးပါတီအတွင်းရေးမှူးဦးညွန့်ဆောင်၊ ဘဏ္ဍာရေးမှုးဒေါ်သိင်္ဂီအောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ ဥက္ကဌ၊ အတွင်းရေးမှုးနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။