လက်ဘနွန်မှာ ငွေထုတ်မှုကို ကန့်သတ်လို့ ဘဏ်တွေကို တိုက်ခိုက်မီးရှို့

ရုရှားက ကျူးဘားကို ဂျုံတန်ချိန် ၂၅,၀၀၀ လှူဒါန်းလက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်မှာ ဘဏ်တွေမှာ စုဆောင်းထားတဲ့ငွေ ထုတ်မရတာကြောင့် ဒေါသထွက်နေသူတွေက ဘဏ်တော်တော်များများကို တိုက်ခိုက် မီးတင်ရှို့ခဲ့ကြပါတယ်။ ငွေထုတ်မှု ကန့်သတ်တဲ့အပေါ် ဆန့်ကျင်သူတွေက လမ်းတွေပေါ်မှာ ဆန္ဒပြခဲ့ကြပြီး လမ်းတချို့ကိုလည်း ပိတ်ဆို့ထားပါတယ်။ ၂၀၁၉ ကတည်း လက်ဘနွန်မှာ စီးပွားရေး ကျဆင်လာတာနဲ့အတူ နိုင်ငံသုံး ငွေကြေး ပေါင် တန်ဖိုးလည်း ထိုးကျလာတာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ဘနွန်ဘဏ်တွေကလည်း သူတို့ဖောက်သည်တွေ ဘဏ်ကနေ အမေရိကန် ဒေါ်လာထုတ်တာကို အကြီးအကျယ် ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။  -Ref:BBC