ရှီနှင့် ရာအီစီတို့ အီရန်အပေါ် ပိတ်ဆိုအရေးယူမှုများအား ဖယ်ရှားပေးရန် တောင်းဆို၊ အီရန်သို့ လှည့်လည် သွားရောက်မည်ဟု ရှီပြော

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အီရန်သမ္မတ အီဘရာဟင် ရာအီစီတို့သည် ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်ကို ပြန်လည်အကောင်အထည်ဖော်နိုင်ရန်အတွက် အီရန်အပေါ် ပိတ်ဆို့အရေးယူထားမှုများအား ရုပ်သိမ်းပေးရန် ဖေဖော်ဝါရီ ၁၆ ရက် ကြာသပတေးနေ့တွင် တောင်းဆိုခဲ့သည်။

ထို့ပြင် ရှီသည် ရာအီစီ၏ အီရန်နိုင်ငံသို့ အလည်အပတ်လာရောက်ရန် ဖိတ်ခေါ်မှုကို လက်ခံခဲ့ပြီး အားလပ်သည့်အခါ လာရောက်မည်ဟု ပြောခဲ့ကြောင်း ခေါင်းဆောင်နှစ်ဦး၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ရာအီစီသည် တရုတ်နိုင်ငံသို့ သုံးရက်ကြာ ခရီးစဉ်ဖြင့် အင်္ဂါနေ့ကတည်းက ရောက်ရှိနေခြင်းဖြစ်သည်။

“နျူကလီးယား အစီအစဉ်ကို အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် သက်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုအားလုံးကို အတည်ပြုနိုင်တဲ့ နည်းလမ်းနဲ့ အပြည့်အဝ ရုပ်သိမ်းသင့်တယ်” ဟု ရှီနှင့် ရာအီစီတို့က ပြောခဲ့သည်။

၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်အရ အီရန်သည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူခံရမှုများမှ သက်သာမှုရစေရန်အတွက် ၎င်း၏ ယူရေနီယံ သိုလှောင်မှုများကို ကန့်သတ်ရမည်ဖြစ်သည်။

သို့ရာတွင် ထရမ့်က ၂၀၁၈ ခုနှစ်တွင် အဆိုပါသဘောတူညီချက်အား ဖျက်သိမ်းခဲ့သဖြင့် ယခုလက်ရှိ ဘိုင်ဒင်အစိုးရလက်ထက်တွင် ပြန်လည်အကောင်ဖော်ရန် ကြိုးပမ်းနေသည်။

တရုတ်နိုင်ငံသည် နျူသဘောတူညီချက်အား ပြန်လည်အကောင်ထည်ဖော်ရန်အတွက် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် အပြုသဘောဖြင့် ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ရှီက ရာအီစီအား အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

Source: CNA