ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ရမည်းသင်းခရိုင်အတွင်းမှ ပရဟိတအသင်းအဖွဲ့များ၊ ပါတီမှကင်းကွာနေသူများနှင့်တွေ့ဆုံ

ဖေဖော်ဝါရီ ၁၀၊ ရမည်းသင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နေ့လည် ၁ နာရီ မှ ၃ နာရီအချိန်ထိ ပြုလုပ်သော ပရဟိတအသင်းအဖွဲ့များ၊ ပါတီမှကင်းကွာနေသော ပါတီဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ” ရွေးကောက်ပွဲမဲမသမာမှုဖြစ်စဉ်များ၊ ပါတီ၏ ဆောင်ရွက်နေသည့် လုပ်ငန်းစဥ်များ၊ ရွေးကောက်ပွဲအောင်မြင်နိုင်ရေးအကြံပြုချက်များ၊ ဒေသတွင်းလုံခြုံရေးနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များ” အား အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ၊ ပါတီဒုတိယ ဥက္ကဋ္ဌ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှူ​ဆောင် ဒေါက်တာအောင်မြတ်ဦး၊ ဦးအေးလွင်၊ ဒေါ်ခင်ရွှေမြင့်၊ ဒေါ်သိင်္ဂီဝင်းရွှေ၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကျော်မိုးနှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပါတီမှ ကင်းကွာနေကြသော ပါတီဝင်များ စုစုပေါင်း အင်အား (၂၁၂)ဦး တက်ရောက်ခဲ့ကြပါသည်။