ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်မှ လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ် အကြောင်းနှင့်မြန်မာ့နိုင်ငံရေးတစေ့တစောင်းအကြောင်းကို ဆွေးနွေးပွဲပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်/မြို့နယ်များ လုပ်ငန်းညှိနိူင်း အစည်းအဝေးကို ယနေ့နံနက် (၉:၃၀) နာရီ အချိန်ခန့်တွင် ကျောက်ဆည်ခရိုင်ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် တက်ရောက်ကြသူများမှ နိုင်ငံတော် အလံ‌အလေးပြုကာ နိုင်ငံတော် သီချင်းကိုသံပြိုင် သီဆိုဖွင့်လှစ်ခဲ့ပါသည်။ ထိုနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ မောင်သင်းမှ လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အကြောင်းအား Power Point ဖြင့်ရှင်းလင်းခြင်း နှင့် မြန်မာ့နိုင်ငံရေးအကြောင်းတစေ့တစောင်းအကြောင်းများရှင်းလင်းခြင်း၊ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီးပါတီဥက္ကဌဦးအောင်ကျော်မိုးမှ ပထမ(၃)လပတ်၊ရင်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား သတ်မှတ်ပုံစံများတွင်ဖြည့်သွင်းပြီး တိုင်းဒေသကြီးပါတီရုံးသို့ အချိန်မီပေးပို့ရေး  နှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်း၊ထိုနောက်တက်ရောက်လာကြသော ခရိုင်/ မြို့နယ်ပါတီဥက္ကဌများ၊ ကော်မတီဝင်များ၊ လူငယ်၊ အမျိုးသမီးရေးရာ တာဝန်ခံများမှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ကိစ္စရပ်များ တင်ပြ‌ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်၊ တိုင်းကော်မတီဝင် ဦးစန်းမြင့်၊ ကျောက်ဆည်ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်း နှင့် ကော်မတီဝင်များ၊မြို့နယ်ပါတီဥက္ကဌများ ကော်မတီဝင် များ၊လူငယ်ရေးရာ၊အမျိုးသမီးရေးရာကော်မတီဝင်များ တက်ရောက်အင်အား(၁၅၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရှိ ရပါသည်။  ကိုတင် (kse)