ပြည်ခိုင်ဖြိုးပါတီမှ(ပဉ္စမနေ့)အဖြစ် အမရပူရမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ကူညီ

13892384_525097551021319_407998312223374444_n

(၆.၈.၂၀၁၆)ရက်နေ့တွင် အမရပူရမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ အတွင်ရေးမှူး ဒေါ်စောမြိုင်နှင့်အဖွဲ့တို့သည် အမရပူရ မြို့နယ်၊ မှန်တန်းရပ်ကွက်အတွင်းရှိ ရေလွှမ်း မိုးမှု ဒဏ်ခံစားနေရသော ဆည်တဲရပ်၊ ဝါးတန်းမြောက်ရပ်၊ ဝါးတန်း တောင်ရပ်တို့ရှိ အိမ်ခြေ(၄၀၀)ကျော်အား ခေါက်ဆွဲထုပ်များ လက်ရောက်ပေးအပ် လှူဒါန်းခဲ့ ပါသည်။ မိမိတို့မြို့နယ် ပါတီအနေဖြင့် အမရပူရမြို့နယ်အတွင်း ရေလွှမ်းမိုးမှုဖြစ်ပေါ်နေသော ရပ်ကွက်/ကျေးရွာ အုပ်စု(၂၀)ခန့် သို့ သွားရောက်ထောက်ပံ့ ကူညီနိုင်ခဲ့ပြီး ကျန်ရှိသောရွာများသို့လည်း ဆက်လက်လှူဒါန်းမည်ဖြစ်ပါကြောင်း သိရှိရပါသည်။


Leave a Reply