ပျော်ဘွယ်မြို့နယ် အေးသန်းကုန်းရွာ မီးလင်းပြီ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တက်ရောက်ဖွင့်လှစ်ပေး

ပျော်ဘွယ်မြို့နယ် တောတွင်လှအုပ်စု အေးသန်းကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲကို စက်တင်ဘာလ (၂၅) ရက် ညနေပိုင်းတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲသို့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးသောင်းအေး၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၊ မန္တလေးတိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ပျော် ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးကြည်မြင့်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ၊ ပါတီဝင်များ၊ ရွာမိရွာဖများနှင့် ကျေးရွာနေပြည်ျား တက်ရောက် ခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်း မြို့နယ်အင်ဂျင်နီယာ ဦးခင်မောင်အေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက အမှာစကားပြောကြားရာတွင်ဆရာ တော်များဦးဆောင်ပြီး ဆရာဒကာ ညီညွတ်စွာဖြင့်ကြိုးစားဆောင်ရွက်ခဲ့သဖြင့် ယခုလိုအောင်မြင်ခြင်းဖြစ်ကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတော်တည်ဆောက်ရေးကို အခက်အခဲများကြားမှ ဆောင်ရွက်နေရချိန် တွင် လျှပ်စစ်မီးရရှိအောင် ကြိုးစား ဆောင်ရွက်နိုင်ခြင်းသည် ဝမ်းသာ စရာကောင်းကြောင်း၊ ဘုရားရှင်က ပြင်းပြသော ဆန္ဒရှိသူသည် အောင် မြင်မှုကိုရရှိနိုင်မည်ဖြစ်ကြောင်းကို ပြောကြားခဲ့ကြောင်း၊ ကျေးရွာ၏ စည်းလုံးညီညွတ်မှုကို ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တူညီတာ မတူညီတာ မခွဲခြားဘဲ အောင်မြင်မှုရရန် ဆက်လက်ဆောင် ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဦးမျိုး(ပျော်ဘွယ်)


Leave a Reply