ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ (ကယားပြည်နယ်တာဝန်ခံ)နှင့် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်/ခရိုင်/မြို့နယ်ပါတီနှင့် တွေ့ဆုံခြင်း

 

လွိုင်ကော် – အောက်တိုဘာ ၃

ယနေ့ ၃-၁၀-၂၀၁၈ ရက်နေ့ နေ့လည်(၁၁း၃၀)နာရီအချိန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ (ကယား ပြည်နယ်တာဝန်ခံ) ဦးဝင်းမြင့်နှင့် ပြည်နယ်/ခရိုင်/မြို့နယ်ပါတီ တို့သည် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံပါ သည်။

ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံ တော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ (ကယားပြည်နယ်နယ်မြေတာဝန်ခံ) ဦးဝင်းမြင့်မှ အဖွင့်အမှာစကားပြောကြားသွားပါသည်။

ဆက်လက်ပြီး လွိုင်ကော်ခရိုင်၊ ဘောလခဲခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖါးဆောင်းမြို့နယ်နှင့် မယ်စဲ့မြို့နယ် ပါတီဥက္ကဌများက မိမိမြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများကို အသီးသီးတင်ပြကြပါသည်။

ယင်းနောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ကော်မတီ ၀င် ရေးရာတာဝန်ခံများ၊ ပြည်နယ်ယာယီအတွင်းရေးမှူးနှင့် ပြည်နယ်ပါတီ ဥက္ကဌတို့က ပါတီလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား အသီးသီး ထပ်မံဆွေးနွေးတင်ပြကြပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင် ပင်ခံ (ကယားပြည်နယ်နယ်မြေတာဝန်ခံ) ဦးဝင်းမြင့်က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသွားပါသည်။

ယနေ့တွေ့ဆုံပွဲကို ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အတိုင်ပင်ခံ (ကယားပြည်နယ်နယ်မြေတာဝန်ခံ) ဦးဝင်းမြင့်၊ (ဗဟိုအလုပ်အ မှုဆောင်) ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ (ဗဟိုကော်မတီဝင်) ဦးကိုရယ်၊ ပြည်နယ်ပါတီနာယက ဦးတောရယ်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေ၊ ဘောလခဲမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၊ ပြည်နယ်ပါတီ ယာယီအတွင်းရေး မှူး ဦးကျော်မြင့်နှင့် ပြည်နယ်ကော်မတီဝင်များ၊ လွိုင်ကော်ခရိုင်/ ဘောလခဲ ခရိုင် ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ မြို့နယ်(၇)မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဥက္ကဌများ စုစုပေါင်းအင်အား(၃၅)ဦးတက်ရောက်ပြီး နေ့ လည် (၁း၃၀)နာရီအချိန်တွင် အောင်မြင်စွာပြီးစီးကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ