မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ခြင်ဆေးမှုတ်ခြင်းဆောင်ရွက်

 

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ဦးဆောင်၍ ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီက လွတ်လပ်ရေးရပ်ကွက်တွင် တစ်လမ်းဝင်တစ်လမ်းထွက် ခြင်ဆေး မှုတ်ခြင်းကို အတွင်းရေးမှူး ဒေါ်လဲ့လဲ့အေး၊ လူငယ်တာဝန်ခံ ဦးဗိုလ်ဗိုလ်ခင်မောင်တင့်၊ မြို့နယ်ကော်မတီဝင်များဖြစ်ကြသော ဒေါ်စန်းကြည်၊ ဒေါ်အေးအေးမြင့်၊ ဦးစိုင်းနှင့် ရပ်ကွက်ပါတီခေါင်း ဆောင်ဦးမောင်စိန်တို့အပါအဝင်အင်အား၂ဝတို့နှင့်အတူ ခြင်းဆေး မှုတ်ခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)